Showing posts with label Jokes. Show all posts
Showing posts with label Jokes. Show all posts

Wednesday, May 20, 2009

စင်ကာပူတွင် အလုပ်လုပ်သူများ အောင်မြင်ရေးအတွက် လိုက်နာဖွယ် နည်းလမ်းများ

သူငယ်ချင်းတစ်ယောက် Forward လုပ်လိုက်တဲ့ Email တစ်စောင်ပါ။ ပြန်လည်မျှဝေပါတယ်။

၁) ရုံးချိန်ကို ၁စက်ကန့်မျှနောက်မကျပါစေနှင့်။ ရုံးရောက်ပြီးမှ မိတ်ကပ်လိမ်း၊ မနက်စာစား၊ အီအီးပါ စသည်များလုပ်ပါ။

၂) နေ့လည်အိပ်ငိုက်လျင် အိပ်သာသို့ ချက်ချင်း ပြေးပြီးအိပ်ပါ။ သူဌေးမရိပ်မိပါစေနှင့်။

၃) အလုပ်ပြောင်းလိုလျင် အနည်း ဆုံ: LV သို့ Gucci အိပ်တလုံးဆောင်ထားပါ၊ TAKA မှ တလုံးစီန် (အလုံးကြီးကြီး) လက်စွပ်ဝတ်နိုင်လျင် ရာထူး မြင့် မြင့်ရမည်။ ဘာမှ မတတ်ချင်နေ ထိုအသုံးဆောင် များနှင့် သစ်လွင်သော အ၀တ်အစားများ ၀တ်ပြီး အင်တာဗျူး လုပ်သူအား ရယ်မောရ်ျ စကားပြောပါ။ (LV အိတ်ဈေးကြီးရ်ျမ၀ယ်နိုင်သူများ မလေးရှား အတွင်အင်မတန်သေသပ်သော အတုရှိသည်။)

၎) အလုပ်ဝင်ပြီးရ်ျ ဘာမှမလုပ်တတ်လျင် နီးစပ်ရာ သူဌေးတယောက်ထံ အမြန်ကပ်ရ်ျ နှာခေါင်း သံဖြင့် စကားပြောပါ။ ရာထူးပါတက်မည်။

၅) နာမကျန်းခွင့် MC ယူချင်လျင် ကတိုးနှာရှုဆေးကို သူဌေးအလစ်တွင် ရှုရ်ျ သူဌေးရှေ့ တွင် ဟတ်ချိုး ခန ခန ချေပါလေ။ သူ သတိပြုမိရ်ျ မေးလျင် မျက်နှာ ညှိုးထားပြီး flu ဟုသာဖြေပါ။ ဖြေပြီး ၂ စက်ကန့် မှစရ်ျ အနည်း ဆုံး ခွင့် (၃) ရက် ကို ငြိုငြင်မှုကင်းစွာဖြင့် ရရှိမည်ဖြစ်သည်။ (သတိ- ဆေးခန်းများနှင့် စာချုပ်ချုပ်ထားသော ရုံးမှ ၀န်ထမ်းများ ဒီနည်းမသုံးရ ချက်ချင်းပြုတ်နိုင်သည်)

၆) ဒီအမှားက ငါလုပ်တာမဟုတ်ဘူး နင်လုပ်တာ ဆိုသော ပြန်လှန်ပြောဆိုမှုများကို ဝေးနိုင်သမျှရှောင်ရှားပါလေ။ ကိုယ်လုပ်တာမဟုတ်လင့်ကစား ဒီကိစ် စငါမသိလိုက်ဘူး ဒါပေမယ် နောက်တခါ ကျရင်သတိထားမှဖြစ်မယ် ဒီတစ်ကြိမ်တော့ ၀မ်းနည်းပါတယ် လို့ပြောလိုက်ပါ။ အခန့်သင့်လျင် သင် သူဌေးမှကျွေးသောနေ့လည်စာပါ စားရကိန်းရှိသည်။

ရ) သူဌေးနှင့် တွေ့လျင် ရိုသေစွာ လမ်းဖယ်ပေးချင်း ကိုယ်ကို ကိုင်းညွှတ်ရ်ျ စကားပြောခြင်း မပြုလုပ်ရ။ (မြန်မာ့ ယဉ်ကျေးမှုများ မလိုအပ်ပါ)
သူဌေးအား သူ့ နာမည် သာခေါ်ပါ .... နာမည် ရှေ့တွင် ဟေ့ဘယ်သူ စသည်ဖြင့် ခေါ်နိုင်သည်။ မလိုက်နာပါက ရာထူး မတက်သည့် အပြင် နင်းပြားပုံစံဖြင့် ဆက်ဆံခြင်းခံရမည်။

ယုံကြည်စွာ ကျင့်သုံးကြည့်ပါ၊ လက်ရှိရာထူးတွင် မုချ ခိုင်မြဲမည့် အပြင် လစာပါတိုးနိုင်သည်။

မိတုတ် မလိုက်နာ ရ်ျ အလုပ်ပြုတ်ကာ မြန်မာပြည် ပြန်ပြီး ယခုသာကေတ ဆိုက်ကားဂိတ်တွင်အကြော်ရောင်းနေရသည်။

မောင်သန်း လိုက်နာရ်ျ သူ့ သူဌေးမှ သုံးလိုရာသုံးရန် ကားတစ်စီးပေးထားသည်။

မိကောက်လိုက်နာရ်ျ ရုံးချိန်တွင် ဘလော့ ရေးနိုင်သည်။

စေတနာဖြင့်

မိကောက်

Thursday, February 14, 2008

ချစ်ခြင်း၏ တစ်စုံတစ်ရာ (ဇတ်သိမ်းပိုင်း)

(တစ်နှစ်ကျော်ခန့် ကြာသော်လည်း ဇတ်သိမ်းပိုင်းကို မရေးဖြစ်ခဲ့တာကို တောင်းပန်အပ်ပါသည်။)

(ပထမပိုင်း မဖတ်ရသေးလျှင် ဤ Link တွင်ဖတ်ရှုနိုင်ပါသည်။)
(ဒုတိယပိုင်း မဖတ်ရသေးလျှင် ဤ Link တွင်ဖတ်ရှုနိုင်ပါသည်။)

ဒီိလိုနဲ့ သူမ ရာသီအလီလီစောင့်မျှော်တောင့်တခဲ့တဲ့ သူမရဲ့ချစ်သူ စစ်သူကြီးလေးဖြစ်နေတာကို အမှတ်မထင်တွေ့လိုက်ရပါတော့တယ်...
အဲ့ဒီတော့ သူတို့နှစ်ယောက်ပြန်ပေါင်းကြတာပေါ့.... နောက်တစ်နေ့မိုးမလင်းခင်မှာ စစ်သူကြီးဟာ အိပ်ရာမှစောစီးစွာထပြီး ဘုရင်မလေးအတွက် စာတစ်စောင်ကိုရေးတယ်...

ကောင်မလေးရေ.....
တစ်ကယ်တော့ငါဟာ စစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ သေလူတစ်ယောက်ပါ.... ငါသေသွားတော့ ငါ့ဝိဥာဉ်ဟာ သေလွန်ပြီး အခြားသောတစ်ဘဝကို ကူးပြောင်းဖို့ ယမမင်းဆီကို သွားခဲ့ရတယ်.... ငါဟာ ယမမင်းဆီကို ရောက်ပေမဲ့ မင်းကိုပေးခဲ့တဲ့ ဂတိသစ္စာကိုပဲ အောက်မေ့သတိရနေမိတယ်...

ဟုတ်တယ်... ငါမင်းဆိကိုတစ်နည်းနည်းနဲ့တော့ မရောက်ရောက်အောင်ပြန်လာရမယ်...
ကောင်မလေးရယ်... ငါ့ရင်ထဲမှာရှိတဲ့ မင်းကိုချစ်တဲ့ ချစ်ခြင်းမေတ္တာတွေဟာ မပြောင်းလဲတဲ့ သစ္စာတရားတွေနဲ့ ရှိနေတယ်ဆိုတာ မင်းကိုသက်သေပြချင်တယ်...

ဒါနဲ့ ငါယမမင်းဆီမှာ ခွင့်ပန်ခဲ့ပေမဲ့ ယမမင်းက ချက်ခြင်းခွင့်မပြုခဲ့ဘူး... လူတွေအများကြီးသတ်ခဲ့လို့ဆိုပြီး ....

ဒီမယ် မောင်မင်း... သင်ဟာ လူ့ပြည်မှာ ပြည်သူပြည်သားတွေရဲ့ ဘေးရန်ကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လူတွေအများကြီး သတ်ခဲ့တယ်။ ဥပဒေအရဆိုရင် ခွင်းလုံးကျွတ် လွှတ်ပေးနိုင်ပါတယ်...
သို့သော်... ဥပဒေက မြည်သို့ပင်ဆိုစေကာမူ ... ကျနုပ်တို့၏ အလွန်တင်းကြပ်သော သရေကြိုးစည်းမျင်းအရ... (သရေကြိုးဆိုမှတော့ ရှုံ့ချီနှပ်ချီ ကြိုက်တာလုပ်တော့မယ်.. အဟင့်... )

ဒီလိုနဲ့... အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၁၀)နှစ် အပြစ်ပေးခံရတယ်လေ... ထောင်ကလွတ်ရင်လဲ နောက်ဘဝကို ကူးရမှာဆိုတော့ သနားညှာတာတဲ့အနေနဲ့ လျှော့ရက်တစ်ရက်တောင်းပြီး ငါမင်းဆီကို ပြန်လာခဲ့တာပါ ကောင်မလေးရယ်...
ဒါပေမဲ့ ငါအခုမင်းနဲ့ ထာဝရခွဲရတော့မယ် ငါပြန်သွားရတော့မယ်...

ဒါပေမဲ့ ကောင်မလေးရယ်... ဘယ်လောက်ဝေးဝေး ဘယ်လောက်ကွာကွာ ဘယ်နေရာမှာပဲရှိရှိ မင်းကိုထာဝရချစ်မြတ်နိုးနေတဲ့ ယောကျာ်းတစ်ယောက် ရှိနေတယ်ဆိုတာကိုတော့ မင်းထာဝရ ဂုဏ်ယူနေနိုင်ပါတယ် ချစ်သူရယ်...
..........................................................
ဘုရင်မလေးဟာ အိပ်ရာနိုးတော့ အသက်မရှိတော့တဲ့ စစ်သူကြိးလေးရဲ့ရုပ်အလောင်းနဲ့ သူရေးခဲ့တဲ့ စာကိုသာတွေ့ရှိရပါတော့တယ်... သူုမဟာ ဒီတစ်ချိန်မှာတော့ မခံမရပ်နိုင်အောင် ဝမ်းနည်းပူဆွေး ရပါတော့တယ်...

စစ်သူကြီးရဲ့ ဈာပနကို စည်ကားစွာကျင်းပကြပါတယ်... ပျော်ရွှင်လို့မဟုတ်ပေမဲ့ ဂုဏ်ယူတဲ့အနေနဲ့ပေါ့လေ... ဘုရင်မလေးကတော့ မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ပေါ့။ ဈာပနကို လာရောက်ကြတဲ့ ပရိတ်သတ်များလည်း ပြန်သွားရော ပန်းမွေ့ရာပေါ် ထာဝရအိပ်ပျော်နေရှာတဲ့ စစ်သူကြီးရဲ့ ရုပ်အလောင်းဘေးမှာ ဘုရင်မလေးဟာ လဲလျောင်းလိုက်ပါတော့တယ်...

သူမမျက်ဝန်းမှာ မျက်ရည်စတွေဟာဆက်လက် ကျဆင်းလာပါတယ်...

တကယ်တော့ အချစ်ဆိုတဲ့ခံစားမှုဟာ ပျော်ရွှင်မှုကိုပေးသလို ပူလောင်ပြင်းရှတဲ့ ခံစားမှူကိုလဲ ဖြစ်စေတတ်ပါတယ်...

သူမဟာ မျက်ရည်တွေကြားက သူမမျက်ဝန်းတွေကို ညင်သာစွာ မှိတ်လိုက်ပါတယ်...
ဒီအချိန်မှာပဲ သူမရဲ့ လက်ထဲက အဆိပ်ပုလင်းလေးဟာ ကြမ်းပြင်ပေါ်ကို ပြုတ်ကျလာပါတော့တယ်...

ငါမင်းနဲ့သာ မဆုံဖြစ်ခဲ့ဘူးဆိုရင်
ငါဟာ မင်းကို စိတ်ဝင်စားခဲ့မှာ မဟုတ်ပါဘူး...
ငါ မင်းကို စိတ်မဝင်စားခဲ့ဘူးဆိုရင်
ငါဟာ မင်းကို ချစ်မိခဲ့မှာ မဟုတ်ပါဘူး...
ငါ မင်းကို မချစ်ခဲ့ရင်
ငါဟာ မင်းကို လွမ်းရလိမ့်မှာ မဟုတ်ပါဘူး...
ဒါပေမဲ့... ဒါပေမဲ့ ကောင်မလေးရယ်...
ငါ မင်းကို စိတ်ဝင်စားခဲ့တယ်
ငါ မင်းကို သိပ်ချစ်တယ်
ဒီတော့ ငါ... (ငါ) မင်းကို ထာဝရ လွမ်းနေရဦးမှာပါလေ...

(ပြီးပါပြီ)

Wednesday, August 29, 2007

အနော် ချင်ကာပူမှာနေတာပါ

အရင်လ computer ဂျာနယ်မှာ ကျနော့ blog ကို website အညွှန်းထဲပါလာတယ်။ ကျေးဇူးအထူးတင်ရှိပါတယ် ကိုကို computer ဂျာနယ်။



အဲ... ဒါပေမယ့် ဒါပေမယ့် ပေါ့လေ... ကျနော့ Profile မှာ Occupation: Software Engineer , Location : Singapore လို့ရေးထားရက်နဲ့ ဂျပန်မှာ ပညာသင်ကြားနေသော လူငယ်လေးဆိုတော့ ဟီးဟီးဟီးဟီး ဖတ်ပြီး ရီလိုက်ရတာ :D

ဘာပဲဖြစ်ဖြစ် မမှားသောရှေ့နေ မသေသောဆေးသမား မရှိမို့ ကျေးဇူးအထူးတင်ရှိပါတယ် ကိုကို computer ဂျာနယ်။

Monday, April 09, 2007

How guys select the girls they want to marry?

www.friendstar.com blog မှာ ပထမဆုံးတင်ခဲ့တဲ့ Post လေးပါ...
firendster account ရှိမယ်ဆိုရင် မိတ်ဆွေဖြစ်ကြရအောင် ဒီမှာ(www.friendster.com/koye) ကျနော့ရဲ့ friendster ပါ

A man is dating three women and wants to decide which to marry. He decides to give them a test. He gives each woman a present of $5,000 and watches to see what they do with the money.

The first does a total makeover. She goes to a fancy beauty salon, gets her hair done, purchases new make-up and buys several new outfits and dresses up very nicely for the man. She tells him that she has done this to be more attractive for him because she loves him so much. The man is impressed.

The second goes shopping to buy the man gifts. She gets him a new set of STRONG golf clubs, some new gizmos for his computer and some expensive clothes. As she presents these gifts, she tells him that she has spent all the money on him because she loves him so much. Again, the man is impressed.

The third invests the money in the stock market. She earns several times the $5,000. She gives him back his $5000 and reinvests the remainder in a joint account. She tells him that she wants to save for their future because she loves him so much. Obviously, the man was impressed.

The man thought for a long time about what each woman had done with the money.Then he married the one with the largest breasts.

Men are Men!!!

Sunday, April 01, 2007

Google အိမ်သာနက်

ကြံကြံဖန်ဖန် ကိုရဲက ပေါက်တတ်ကရ ရေးတယ်လို့ မထင်ပါနဲ့
တကယ်ကြံကြံဖန်ဖန်လုပ်တာက Google...
Google TiSP ဆိုပြီးလုပ်မလို့တဲ့လေ... internet ကို အိမ်သာထဲက connection ယူမလို့တဲ့။
တော်တော်နောက်တဲ့ Google ...

Sick of paying for broadband that you have to, well, pay for?

Introducing Google TiSP (BETA), our new FREE in-home wireless broadband service. Sign up today and we'll send you your TiSP self-installation kit, which includes setup guide, fiber-optic cable, spindle, wireless router and installation CD.

TiSP in-home wireless broadband is:
- Free, fast and highly reliable
- Easy to install -- takes just minutes
- Vacuum-sealed to prevent water damage


[အော်... ဒီနေ့က ....... ဆိုတော့လဲ... အဟ]

Saturday, March 10, 2007

NYP 2007 သင်္ကြန်စာ

စင်္ကာပူ Nanyang Polytechnic မှာ ပညာသင်နေကြတဲ့ ကျောင်းသားများရဲ့ သင်္ကြန်စာပါ။

သေချာဖတ်ကြည့်... ရှူရှူးထွက်အောင် ရယ်ရလိမ့်မယ် :D
သင်ဟာ စင်္ကာပူမှာ နေတဲ့သူဆိုရင်တော့ သူတို့ဘာကိုဆိုလိုတယ်ဆိုတာ မတွေးကြည့်ဘဲသိနိုင်ပေမဲ့ ... အခြားနိုင်ငံမှာ နေတယ်ဆိုရင်တော့ စင်္ကာပူက သူငယ်ချင်းနဲ့ တူဖတ်ကြည့်ပြီး ပြုံးပျော်နိုင်ကြပါစေ...။

Download NYP သင်္ကြန်စာ

Friday, March 02, 2007

IT Project Management ဆိုတာ ဒါမျိုးပေါ့။

1) Project Manager is a Person who thinks nine women can deliver a baby in One month.

2) Developer is a Person who thinks it will take 18 months to deliver a Baby.

3) Onsite Coordinator is one who thinks single woman can deliver nine babies in one month.

4) Client is the one who doesn't know why he wants a baby.

5) Marketing Manager is a person who thinks he can deliver a baby even if no man and woman are available.

6) Resource Optimization Team thinks they don't need a man or woman; they'll produce a child with zero resources.

7) Documentation Team thinks they don't care whether the child is delivered or not, they'll just document 9 months.

8) Quality Auditor is the person who is never happy with the PROCESS to produce a baby.

9) Tester is a person who always tells his wife that this is not the Right baby

Tuesday, February 27, 2007

အကြိုက်ဆုံး Gtalk Custom Status Messge

သူငယ်ချင်းတစ်ယောက်ရဲ့ Gtalk Custom Status Messge ပါ။
တော်တော်နောက်တဲ့လူ...
ဗိုက်ခေါက်လိမ်ဆွဲခံရမှာ မကြောက်ဘူးထင်တယ် :D

Gtalk status message

Tuesday, October 03, 2006

ခြေသုံးချောင်းကြက်

Singapore မှာ Chicken Rice တွေစားလွန်းလို့ထင်တယ်... ကျွန်တော် ညက ထူးထူးဆန်းဆန်း အိပ်မက် တစ်ခုမက်တယ်။

အိပ်မက်ထဲမှာ ကျွန်တော်က ကားတစ်စီးကို မောင်းလာတာတဲ့ဗျာ။ အဲ့လို မောင်းလားရင်း လမ်းမှာ ကြက်တစ်ကောင်နဲ့ တွေ့ တယ်။ ကြက်တစ်ကောင်နဲ့  တွေ့ ထား ထူးထူးဆန်းဆန်းလုပ်ပြီး ပြောနေရသေးတယ်လို့  မပြောကြပါနဲ့ ။ ကျွန်တော် တွေ့ တဲ့ ကြက်က သာမန်ကြက်တွေ လို ခြေနှစ်ချောင်းနဲ့  မဟုတ်ဘူးဗျ။ ခြေ သုံးချောင်းနဲ့  ကြက်။ သူပြေးတာက သာမန် ခြေနှစ်ချောင်းနဲ့  ကြက်တွေ လို မဟုတ်ဘူး။ အရမ်းမြန်တာပဲဗျို။ ကျွန်တော်လည်း ခြေသုံးချောင်းနဲ့  ကြက် တခါမှ မတွေ့ ဘူးဘူး၊ ထူးဆန်းတယ်ဆိုပြီး သူ့နောက်က လိုက်ကြည့်မိတယ်။

ကျွန်တော်လည်း ဆက်လိုက်နေတာ လမ်းတစ်ခုလည်း ရောက်ရော အဲ့ဒီကြက်က လမ်းမပေါ်ပြေးနေရာကနေ ဘေးမှာရှိနေတဲ့ လယ်ကွင်းတွေ ဘက်ကို ဆင်းပြေးသွားတယ်။ ကျွန်တော်လည်း ဘယ်ရမလဲဗျာ ဆက်လိုက်တာပေါ့။ အဲ့ဒီ ကြက်နောက် ဆက်လိုက်ရင်ကနေပြီး နောက်တော့ ခြံတစ်ခြံထဲ ရောက်သွားတယ်ဗျ။ ဟာ.. အဲ့ဒီမှာ ခုဏက ကြက်လို ထူးဆန်းတဲ့ ခြေသုံးချောင်းနဲ့  ကြက်တွေ အများကြီးပဲဗျို့ ။ ကျွန်တော် လည်း တအံ့တသြ နဲ့  ကြည့်နေတုန်း ခြံထဲက နေ လူကြီးတစ်ယောက်ထွက်လာပြီး ကျွန်တော်ကို ဘာလာလုပ်တာလဲလို့ မေးတယ်။ ပထမတော့ ကျွန်တော်လည်း ခြေသုံးချောင်းနဲ့  ကြက်တွေ ကို ကြည့်ရင်း အံ့သြနေတာနဲ့  သူမေးတာကို ကောင်ကောင်းမကြားလိုက်ဘူးဗျာ။ နောက်တစ်ခေါက် သူထပ်မေးမှ ပဲ ကြားမိတော့တယ်။

ကျွန်တော်လည်း ကြက်တစ်ကောင်နောင်လိုက်ရင်း ဒီကို ရောက်လာတာဆိုတဲ့ အကြောင်း သူကို ပြောပြလိုက်တယ်။ သူက ဟုတ်တယ်တဲ့ သူရဲ့ကြက်တွေမှာ သာမန် ကြက်တွေနဲ့  မတူပဲ ခြေသုံးချောင်းရှိတယ်တဲ့။ ကျွန်တော်လည်း ထပ်မေးမိတယ်။ ကျွန်တော် တွေ့ ဘူးသမျှ ကြက်တွေက ခြေ ၂ ချောင်းပဲ ရှိတာပါ၊ နောင်ကြီးက ခြေသုံးချောင်းနဲ့  ကြက်တွေကို ဘယ်ကနေ ရပြီး မွေးထားတာလဲပေါ့။ အဲ့ဒီတော့ အဲ့ဒီလူကြီးက ပြောတယ်။ သူတို မိသားစုက ဒီခြံမှာ နေပြီး ကြက်မွေးစားတာ နှစ်ပေါင်းအတော်ကြာပြီတဲ့။ သူတို့ မိသားစုမှာ သူရယ်၊ သူရဲ့မိန်မရယ်၊ သူတို့ ရဲ့သားလေးရယ် မိသားစုဝင်၃ ယောက်ရှိတယ်တဲ့။ သူတို့  မိသားစု ဝင်အားလုံးက ကြက်တစ်ကောင်းလုံးမှာ ကြက်ခြေထောက်ကို အကြိုက်ဆုံးတဲ့။ အဲဒီတော့ ကြက်သားချက်စားတိုင်း သူတို့  ၃ ရောက်မှာ ကျန်တဲ့ အသားတွေမစားပဲ၊ ကြက်ခြေထောက်ကိုပဲ အမြဲ လု စားနေရတယ်တဲ့။ကြက်တစ်ကောင်မှ ခြေထောက်က နှစ်ချောင်ပဲရှိတာကိုး။

ပြောသေးတယ်။ သူတို့  ခြံနောက်မှာ ညောင်ပင်ကြီး တစ်ပင်ရှိတယ် တဲ့။ အဲ့ဒီ ညောင်ပင်မှာ တန်ခိုးကြီးတဲ့  နတ်မင်းကြီးတစ်ပါးနေတယ်တဲ့ (အင်း ကျွန်တော်လည်း သူပြောတာနားထောင်ပြီး တွေးမိလိုက်သေးတယ်။ တောသူ တောသားတွေဆိုတော့ အပင်ကြီးမြင်တိုင်း နတ်နေတယ် ထင်နေကြတာပဲလို့ ) ထားပါ။ သူပြောတာကို ဆက်ပြော ပြမယ်။ သူတို့ က ကြက်သားချက်စားတိုင်း ခြေထောက် တွေပဲစားပြီး ကျန်တဲ့ အသားတွေကို အဲ့ဒီ ညောင်ပင်ကြီးအောက်သွားပြီး နတ်စားကျွေးရင်း အမြဲ ဆုတောင်းလေ့ရှိတယ်တဲ့။ သူတို့  အိမ်မှာ လူသုံးယောက်ရှိတဲ့ အတွက် အဝေမျှ အောင် ခြေသုံးချောင်းနဲ့  ကြက်တွေရ နိုင်မယ်ဆို လိုချင်ပါတယ်ပေါ့။ အဲ့လို နဲ့ ဆုတောင်းလာတာ တစ်နေ့  သူတို့  အိပ်ရာနိုး မနက်စောစော ကြက်ခြံဘက်ကြည့်လိုက်တော့ ခြံထဲမှာ ရှိနေတဲ့ ကြက်အားလုံးမှာ ခြေ ၂ ချောင်းအစား ခြေ ၃ ချောင်း ပေါက်နေတာကို တွေရတယ်လို့ ပြောတယ်။ သူတို့ လည်း အရမ်းပျော်သွားခဲ့ ကြတယ်တဲ့...။

ကျွန်တော်လည်း စဉ်းစားမိတယ်။ တသက်လုံး ကျွန်တော် စားခဲ့ဘူးတဲ့ ကြက်တွေက ခြေနှစ်ချောင်း နဲ့  ကြက်တွေကြီးပဲလေ။ ကြက်ခြေထောက်ကိုတော့ ကျွန်တော် စိတ်မဝင်စားပါဘူး။ ဒါပေမယ့် ကျွန်တော် ခြေနှစ်ချောင်းနဲ့  ကြက်ရဲ့ အသားနဲ့  ခြေသုံးချောင်းနဲ့  ကြက်ရဲ့ အသား အရသာ ဘယ်လိုကွားလည်းဆိုတာကို သိချင်သွားတယ်လေ။ ဒါနဲ့  ကျွန်တော်လည်း အရသာ ဘယ်လိုကွာတယ်ဆိုတာ စပ်စုမိသွားတယ်။

အဲဒီလူကြီးဟာ သူ့ခြံထဲကကြက်တွေကို တစ်ချက်လှမ်းကြည့်လိုက်တယ်။ ပြီးတော့ သူဘယ်လောက်ပဲ ကြိုးစားပြီး ဖမ်းဖမ်း ခြေသုံးချောင်းကြက်တွေက အပြေးမြန်လွန်းတော့ ချက်စားမလို့  လိုက်ဖမ်းနေတာ ခုချိန်ထိ တခါမှ ဖမ်းမမိသေးလို့  အိမ်မှာ ကြက်သားမချက်နိုင်ပဲ ကြက်ခြေထောက်မစားရတာ ကြာလှပြီပေါ့တဲ့ ဗျာ။ ဟီး.. ဟုတ်သားပဲ.. ကျုပ်တောင် ကားနဲ့ လိုက်တာ မနည်းလိုက်ရတာလေ။ :)

Monday, August 28, 2006

ချစ်ခြင်း၏ တစ်စုံတစ်ရာ (ဒုတိယပိုင်း)


(ပထမပိုင်း မဖတ်ရသေးလျှင် ဤ Link တွင်ဖတ်ရှုနိုင်ပါသည်။)

ဒီလိုနဲ့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်၊ ချစ်ကြ၊ ကြည်နူးကြတဲ့ ရက်တွေထဲမှာ ကံက္မြာအကြောင်းက ဖန်လာပါတယ်… စစ်သူကြီးဟာ စစ်ထွက်ရတော့မယ်လေ… အလွန်အရေးကြီးတဲ့စစ်ပွဲ ဖြစ်တဲ့အပြင် အန္ဓရယ်ရှိတဲ့ စစ်ပွဲလဲ ဖြစ်လေတော့ ဘုရင်မလေးဟာ စစ်သူကြီးရဲ့ လက်ကို ဆုပ်ကိုင်ပြီး

“ရှင် ကျမဆီကို ပြန်လာခဲ့ပါမယ်လို့ ကတိပေးပါလားဟင်…”
“ကောင်မလေးရယ်… ငါ့ဘ၀မှာ မင်းတစ်ယောက်ထဲကိုပဲ ချစ်ခဲ့ဖူးပါတယ်လို့ ငါမပြောလိုပေမဲ့၊ ငါ့ဘ၀တစ်ခုလုံးရဲ့ အချစ်ဆုံးနဲ့ အမြတ်နိုးဆုံးလူဟာ မင်းတစ်ယောက်ထဲပဲ ဆိုတာကိုတော့ အကြွင်း မဲ့ယုံကြည်လိုက်စမ်းပါ။ ဘယ်လိုပဲဖြစ်ဖြစ် ငါမင်းဆီ အရောက်ပြန်ခဲ့မှာပါကွယ်…”

ဒီလိုနဲ့ စစ်ပွဲကြီး ပြီးဆုံးသွားတော့ စစ်သူကြီးဟာ ပြန်မလာနိုင်တော့ပါဘူး။ စစ်ပွဲမှာ ကျဆုံးသွားတယ် ဆိုတဲ့အကြောင်းသာ သတင်းရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဘုရင်မလေးဟာ ဒီအဖြစ်ကို လုံးဝ လက်မခံနိုင်ဘူးတဲ့လေ။ သူမယုံကြည်နေတာက စစ်သူကြီလေးဟာ တစ်နေ့တော့ သူမဆီပြန်လာမယ်ဆိုတာကိုပါပဲ။ ဒီလိုနဲ့ နှစ်လရာသီတွေ အလီလီပြောင်းပြီး အချိန်တွေသာ ကြာသွားတယ် သူမမျှော်လင့်နေတဲ့ စစ်သူကြီးလေးကတော့ ပေါ်မလာတော့ပါဘူး…

ဒါကြောင့် မူးမတ်ကြီးတို့ကလဲ သေသောသူ ကြာလျှင်မေ့ရမှာဘဲဆိုပြီး ဘုရင်မလေးကို ဒုတိယအကြိမ် အိမ်ထောင်ပြုဖို့ တိုက်တွန်းပါသတဲ့… အချိန်တွေကလဲ ကြာပြီဆိုတော့ ဘုရင်မလေးဟာ မငြင်းနိုင်တော့ဘဲ ကြင်ယာရွေးချယ်ပွဲကို လက်ခံလိုက်ရပါသတဲ့…

ရွေးချယ်မဲ့ အချိန်လဲရောက်ရော ခန်းမဆောင်အပြင်မှာ သူတောင်းစားကဲ့သို့ စုတ်ပြတ်နုံချာလှတဲ့ ယောက်ျားတစ်ယောက်ဟာ သူလဲပဲ အရွေးချယ်ခံချင်လိုကြောင်း တံခါမှူးကို ခွင့်တောင်းသတဲ့။ တခါးမှူးတို့ကလည်း သင်နှင့် အပ်စပ်သည့်နေရာ မဟုတ်ဟုဆိုကာ နှင်ထုတ်နေတာကို ဘုရင်မလေးကလဲ မြင်ရော

“သူလဲပဲ ယောက်ျားတစ်ယောက်ပေပဲ။ ခွင့်ပြုလိုက်ပါ”

ဒီတစ်ကြိမ်မှာလဲ ဘုရင်မလေးဟာ ပထမအကြိမ် ရွေးချယ်တုန်းကလိုပဲ လက်သန်းလေးထောင်ပြီး ရွေးချယ်ပြန်သတဲ့။ ဘုရင်မလေးဟာ ကြင်ယာတော်ရွေးဖို့ လက်သန်းလေးကို ထောင်လိုက်ချိန်မှာပဲ ထိုသူတောင်းစားလေးဟာ ရုတ်တရက် သူမလက်သန်းနဲ့ လက်သန်းချင်း လာချိတ်ပါသတဲ့။ (တယ်သွက်တဲ့ကောင်ပဲ၊ အဲဒါမျိုးကြတော့ ကျုပ်သူငယ်ချင်း တစ်ယောက်နဲ့ တူတယ်ဗျ။ Sorry ကွာ။ မင်းကိုသတိရမိလို့ ဟီး ဟီး)

သူမဟာ အတော် အံ့အား သင့်သွားတယ်။ တစ်ကိုယ်လုံး စုတ်ပြတ်သတ်နေပြီး ဂုန်နီအိတ်ကို အ၀တ်အဖြစ် စွပ်ထားကာ ညစ်ပတ်နံစော်နေတဲ့ သူတစ်ယောက်နဲ့ ဘုရင်မလေးတို့ အဖြစ်ဟာ ဘယ်လိုမှ Romantic မဖြစ်နိုင်ပဲ နှခေါင်းရှုံ့ချင်စရာသာ ဖြစ်ပါတော့တယ်…

ဘုရင်မလေးဟာ လုံးဝမထင်မှတ်ထားတဲ့အတွက် ရှက်လည်းရှက်၊ ဒေါသလဲထွက်မို့ ထိုသူရဲ့ ဂုန်နီအိပ် ခေါင်းစွပ် ကြီးကိုလဲ ချွတ်လိုက်ရော…

“အို… ရှင်… ရှင်…”
“ဟုတ်ပါတယ်… မင်းသိပ်ချစ်ရတဲ့ မင်းရဲ့စစ်သူကြီးလေးပါ…”

“ငါ့ကိုများ စွပ်စွပ် စွဲစွဲ။ မင်းတောင့်တလွန်းလို့ ငါကိုထင်ပြရတာကွ”

အဟီး… အိပ်ချင်ပြီ… တတိယပိုင်းက နောက်နေ့မှနော် :P
မကြာမှီ လာမည် မျှော်…………

Friday, August 25, 2006

ချစ်ခြင်း၏ တစ်စုံတစ်ရာ (ပထမပိုင်း)


ခင်ဗျားတို့ကို ကြိုပြောထားရဦးမယ်။ ဒီပုံပြင်ကို ဘယ်တော့မှ ကိုချစ်တဲ့သူကို မပြောပြမိစေနဲ့။ ကျုပ်သိသလောက် ပြောမိတဲ့သူတိုင်း အဖြစ်ဆိုးနဲ့ကြုံပြီး ကွဲရတတ်တယ်။ ဒါဆိုဘာလို့ရေးလဲလို့ မမေးနဲ့။ မရေးပဲမနေနိုင်တောလို့ဗျို့…..

သိပ်ချစ်ရတဲ့ကောင်မလေးရေ… ကိုမင်းကိုမပြောဘူးနော်။ ကိုယ့်ဟာကို ဖတ်မိရင်တော့ ကျုပ်ကရေးပဲရေးတာ၊ ပြောတာမဟုတ်တော့ အာပါတ်တော့ လွတ်မယ်ထင်တာပဲ.. ဟီး…

ပုံပြင်လေးက ဒီလိုဗျ.. အင်း… ပြုံပင်ဆိုတော့ ဟိုး… ရှေးရှေးတုန်းကနဲ့ပဲ စတာကောင်းပါတယ်…

ဟိုး… ရှေးရှေးတုန်းကပေါ့ဗျာ… (ကျွန်တော့ကောင်မလေးလို ဟီး…) သိပ်ကိုချောမောတဲ့ မိန်းကလေးတစ်ယောက်ဟာ တိုင်းပြည်ကြီးတစ်ခုမှာ ဘုရင်မအဖြစ် နန်းစံနေသတဲ့… မောင်တစ်ကျိတ် (၁၀ ယောက်) ပင်ရှိလင့်ကစား လင်ယောကျာ်းမရှိရင် မတင့်တယ်ဘူးဆိုတဲ့ ဆိုရိုးစကားကလဲ ရှိလေတော့ မူးကြီးမတ်ရာတွေက မအိုသေးတဲ့ အပျိုလေးဘုရင်မကို အိမ်ထောင်ဖက်ရွေးချယ်ဖို့ တိုက်တွန်းပါသတဲ့။

ဘုရင်မလေးကလဲ သူမနဲ့စိတ်သဘောထားတိုက်ဆိုင်ပြီး သူမချစ်မြတ်နိုးတဲ့သူကိုပဲ လက်ထပ်ချင်သတဲ့လေ။ ဒီလိုလူကိုရွေးဖို့ဆိုတာ မလွယ်လေတော့ သူမက အကြံတစ်ခု ထုတ်သတဲ့…

ကြင်ယာတော်ရွေးချယ်ပွဲနေ့မှာ မင်းညီမင်းသား၊ သူကြွယ်၊ စစ်သေနာပတိ အစရှိတဲ့သူတွေအားလုံး လာရောက် အရွေးခံကြတာပေါ့ဗျာ… ဘုရင်မ လုပ်စာထိုင်စားရမယ့်ကိစ္စပဲလေ။ ကိုယ့်ကို တင့်တောင့်တင့်တယ် ထားနိုင်မယ့် မိန်းမတစ်ယောက် ရဖို့ဆိုတာ ယောကျာ်းတစ်ယောက်အတွက် လွယ်တာမှ မဟုတ်တာပဲနော်။

ရွေးချယ်ရမယ့် အချိန်လဲရောက်ရော ဘုရင်မလေးဟာ တန်းစီရပ်နေတဲ့ ယောကျာ်းလူတန်းစားမျိုးစုံရှေ့မှာ ရပ်လိုက်ပါသတဲ့… ပြီးတော့ ကြိုတင်စဉ်းစားထားတဲ့အတိုင်း သူမရဲ့ ညာဘက်လက်သန်းလေးကို ထောင်ပြပိုက်ပြီး တစ်ဦးချင်းရှေ့ကနေဖြတ်လျောက်ပါလေရော…

အဲ…အဲဒီတော့ ဟိုလူတွေလဲ IQ တွေကွေးကုန်ကြတာပေါ့။ “ဘာလဲဟ ဘာလဲဟ… အာ.. ဘာပဲဖြစ်ဖြစ်ကွာ” ဆိုပြီး လက်မ ထောင်ပြတဲ့ကောင်ကပြ၊ လက်ညှိုး ထောင်ပြတဲ့ကောင်ကပြ၊ လက်သူကြွယ် ထောင်ပြတဲ့ကောင်ကပြနဲ့ … အဲ လက်ခလယ်ထောင်ပြတဲ့သူရှေ့လဲရောက်ရော…

ဘုရင်မလေးဟာ “ဟင်…” ဆိုပြီး တစ်ချက်ကြည့်လိုက်ပါသတဲ့။ သူမရဲ့မျက်နှာဟာ သိသိသာသာ ပြောင်းလဲသွားတယ်… ထိုသူကလဲ ဟုတ်ပြီဟ ဆိုပြီး သူထောင်ထာတဲ့ လက်ခလယ်ကို ရှင်းရှင်းလင်းလင်း မြင်အောင် ပြလိုက်ပါသတဲ့

“ခွပ်” ခနဲအသံကြားလိုက်ရတယ်… ခင်မျာ တစ်ချက်တည်းမှောက်သွားတယ်။ ဘုရင်မလက်သီး တယ်ပြင်းသကိုး… ပြစရာရှားလို့ လက်ခလယ်သွားပြတာကိုး။ ဒါနဲ့ ကျန်တဲ့ကောင်တွေလဲ ဘာပြရမှန်းမသိတာနဲ့ လက်ဝါးထောင်တဲ့ကောင်က ထောင်ပြ… ကို့ယို့ကားယားတွေဖြစ်ကုန်ပါလေရော…

အဲဒီချိန်မှာပဲ… ယောက်ျားပီသတဲ့ အသွင်ရှိတဲ့ စစ်သူကြီးတစ်ဦးဟာ သူမလိုပဲ ညာဘက် လက်သန်းလေးကိုထောင်ပြီး ဘုရင်မလေးရဲ့ လက်သန်းလေးနဲ့ လာပြီး လက်သန်းချင်း ချိတ်လိုက်ပါသတဲ့။ (Matrix ထဲကလို 3D နဲ့မြင်ကြည့်ပါလား တကယ့်ကို Romantic လေးဖြစ်သွာမယ်)

ဘုရင်မလေးဟာ အံ့သြ၀မ်းသာသွားတယ်။ သူမ အမှတ်မထင် ကြံစည်ထားတဲ့အတိုင်း သူမရဲ့စိတ်ကို နားလည်နိုင်မဲ့၊ သူမအတွက် အသင့်မြတ်ဆုံးသူဘဲလို့ တထစ်ချ ယုံကြည်လိုက်တယ်။

ဒီလိုနဲ့ယူလိုက်ကြတယ်ပေါ့ဗျာ… ထုံးစံအတိုင်း ချစ်ကြ၊ ကြည်နူးကြ၊ ကြင်နာကြပေါ့… တစ်နေ့သောမနက် အိပ်ယာနိုးတော့ စစ်သူကြီးလေးက ဘုရင်မလေးကို ပြောတယ်…

“ကောင်မလေးရေ မင်းငါ့မျက်လုံးတွေကို သေချာကြည့်စမ်းပါ… ငါ့မျက်လုံးထဲကတဆင့် ငါ့နှလုံးသားက မင်းကိုဘယ်လောက် မြတ်နိုးတယ်ဆိုတာ…”
“ဟင့်အင်း ကြည့်ချင်ပါဘူး မျက်ချေးတွေနဲ့”
“တိန်”

သူတိုဟာ စကားဝှက်တမ်းလဲ ကစားကြတယ်… ဘုရင်မလေးကမေးတယ်…

“နံရံပေါ်မှာ အိမ်မြှောင်နှစ်ကောင် ရှိတယ်။ သူတို့က ပိုးကောင်လေးတွေဖမ်းစားဖို့ ချောင်းနေကြတုန်း တစ်ကောင်က မထင်မှတ်ပဲ ပြုတ်ကြသွားတယ်။ အဲဒါကို ကျန်ခဲ့တဲ့ကောင်က ပြုတ်ကြသွားတဲ့ကောင်ကိုကြည့်ပြီး ခေါင်းတစ်ချက်ခါလိုက်တယ်.. စကားတစ်ခွန်းလှမ်းပြောလိုက်တယ်… အဲဒါဘာပြောလိုက်လဲသိလား..”

စစ်သူကြီးလေးဟာ တော်တော်မျှော်လင့်ချက်ကင်းမဲ့သွားသလို ခံစားလိုက်ရတယ်…
ဘုရင်မလေးဟာ စုတ်တစ်ချက်သတ်လိုက်တယ်… ပြီးတော့…

“စစ်သူကြီးဖြစ်ပြီး ဒါလေးတောင် မသိဘူးလား”
“အန်… စစ်သူကြီးနဲ့ အိမ်မြှောင်နဲ့ ဘာဆိုင်လို့လဲ”
“ဆိုင်တာပေါ့… စစ်တိုက်ရင် အိမ်မြှောင်မရှိဘဲ အရပ်မျက်နှာ ဘယ်သိမလဲ”
“တိန်”

“မသိရင်မှတ်ထား၊ အိမ်မြှောင်ဆိုတဲ့သတ္တ၀ါက ကျွတ် ကျွတ် ကျွတ် ကလွဲပြီး ဘာမှမပြောတတ်ဘူး၊ ကျွတ် ကျွတ် ကျွတ်”

ဘုရင်မလေးဟာ သူမ၏ ချစ်လှစွာသော စစ်သူကြီးလေးကို ပြုတ်ကြသွားတဲ့အိမ်မြှောင်တစ်ကောင်ကို ကျန်ခဲ့တဲ့အိမ်မြှောင်တစ်ကောင်က စုတ်သတ်ရင်းကြည့်တဲ့ အကြည့်မျိုးနဲ့ ကြည့်လိုက်ပါတော့တယ်…

♪ ♫ ♪
“ဆရာမ.. သမီးဗိုက်ထဲက အောင့် အောင့် နေတယ်…”
“ဟင်… ဒါဆိုရင် သမီးဗိုက်ကြီးလို့ပဲ ဖြစ်ရမယ်၊ OG နဲ့သွားပြလိုက်နော်”

အန်… ကောင်းခန်းရောက်ရင် ဒီကြေငြာတွေက ၀င်ပြီ။ ကဲကဲ နောက်နေ့မှ ဒုတိယပိုင်း ဆက်ရေးတော့မယ်။ လက်လဲညောင်းပြီ… အိပ်တော့မယ် :P

Saturday, August 19, 2006

ကြေမွသွားသော ဘဲဥတစ်လုံးအကြောင်း (ဗြ ဂ္ဃ)

... ဗျင်းဗျင်းဗျင်း ဗြိဗြိဗြိ...

ဟယ်တော့.. ဒီကောင်လေးနဲ့တော့ ဒုက္ခပါပဲ။ ခေါင်းကိုများ အားပါးတရ ကုတ်နေလိုက်တာ၊ ဆံပင်တွေကျွတ်ကုန်မှာများ မစိုးရိမ်ဘူးလားမသိပါဘူး။ တဗျင်းဗျင်းနဲ့ သူကုတ်နေတာကို တိတ်တိတ်လေး ခိုးကြည့်နေရတာကကို ရင်ခုန်ချင်စရာကောင်းနေပြီ။ မင်းဟာမင်းကုတ်တာ အကြောင်းမဟုတ်ပေမဲ့ တို့များရင်ထဲမှာ ယားကျိကျိဖြစ်နေပြီကွဲ့ သိရဲ့လား လူဆိုးလေးရေ။

ဒီကောင်လေး အလုပ်ထဲကို ရောက်လာတဲ့နေ့ကို မှတ်မိနေသေးတယ်။ ပထမဆုံးနေ့ဆိုတော့ ဘယ်သွားလို့ ဘာလုပ်ရမှန်း မသိ၊ ယောင်နနဖြစ်နေပုံလေးကိုတွေ့ပြီး တို့များရင်တွေ အရမ်းခုန်နေတာ။ အဲဒီကတည်းက အရမ်းချစ်သွားတာပဲ ကောင်လေးရေ။ တို့တွေ ကံကောင်းလိုက်ပုံများကတော့ ကောင်လေးထိုင်ရတဲ့ စားပွဲက ကိုယ့်စားပွဲ ရှေ့တည့်တည့်မှာတော့။ ဗေဒင်ကဟောထားတာတွေ မှန်နေပြီနဲ့တူပါတယ်။ ၀ါကျွတ်အမီ စုတ်ရော လာဘ်ရောဝင်ကိန်းရှိတယ်တဲ့။ အို.. လာဘ်မ၀င်ရင် နေပလေ့စေ၊ စုတ်ဝင်ရင်ပြီးရော။ အခုတော့ စုတ်ကြီး ကိုယ့်ရှေ့တည့်တည့်မှာ ရောက်နေပြီ၊ ဖြူဖြူဖွေးဖွေး ထောင်ထောင်မောင်းမောင်းနဲ့ စုတ်ကြီး။ ဒီအခွင့်အရေးမျိုးတော့ လက်လွတ်ခံလို့မဖြစ်ဘူး။ ကောင်လေးက အသစ်ဆိုတော့ အလုပ်ခွင်မှာ သူသိချင်တာလေးတွေ တို့ကိုများ မေးပါစေတော့ ဆိုပြီး ကူညီပါရစေ ကူညီပါရစေ ဒီဇိုင်းနဲ့ သူ့ရှေ့မှာ ခေါက်တုံ့ခေါက်ပြန် နှစ်ခေါက်သုံးခေါက် ဖြတ်လျောက်ပြစ်တာ၊ တို့ကို မျက်လုံးလေးတောင်လှန်မကြည့်ဘူး။ ရေခဲတုံးကြီး.. ရေခဲတုံးကြီးရေ.. လို့ ချောစုခင်လို အသံကုန်ပဲ အော်လိုက်ချင်တော့တယ်။

ယောက်ျားလေးသန့်သန့်တွေကိုမြင်ရင် ရင်ခုန်တတ်တာက တို့တွေရဲ့အကျင့်။ ဒါကိုတော့ အပြစ်မပြောကြပါနဲ့အေ။ အခုအသက်ကလေးရလာလေ အဲဒီအကျင့်က ပိုပိုဆိုးလာလေပဲ။ တို့အသက်လား.. အခုမှ ၁၇၊ ၁၈ပဲရှိသေးတာပါ။ အဲ ၁၇ နဲ့ ၁၈ ပေါင်းတော့ ၃၅ပေါ့နော်။ သူများတွေလည်း လျှောက်မပြောနဲ့ဦး။ အထူးသဖြင့် တို့ရဲအသည်းလေး မသိစေနဲ့။ ကောင်လေးရဲ့မွေးနေ့ကိုတော့ နည်းမျိုးစုံသုံးပြီး စုံစမ်းလိုက်တာ တို့သိသွားပြီ။ မွေးနေ့ကျရင် သူလေးပါးစပ်အဟောင်းသားနဲ့ အံ့သြသွားအောင်လုပ်ဖို့ အစီအစဉ်တွေ အားလုံးဆွဲပြီးသွားပြီ။ အဲဒီနေ့ကျ တွေ့မယ် လူဆိုးလေး။ တစ်ခါတည်းကို တဖြုတ်ဖြုတ် ကြွေကျသွားရမယ်။ တို့လည်းဒါမှ တစ်ကိုယ်တည်း ဘ၀က ကျွတ်ပြီး ဘုရားသွားကျောင်းတက် အတူတူ ပါရမီဖြည့်ရမှာ။ တို့ရဲ့အိပ်မက်တွေဟာ မဝေးတော့ပါဘူး။

အိပ်မက်ဆိုလို့ မနေ့ညကအိပ်မက်ထဲမှာ.. ဟင်းဟင်း.. မပြောပြတော့ပါဘူး။ လူဆိုးလေး.. အရမ်းဆိုးတာပဲ။ ဒီနေ့မနက်နိုးလာတော့ ကြည်နုးလိုက်တာ။ အလုပ်ထဲ ရောက်ရင် သူလေးနဲ့တွေ့မယ်။ ဒီနေ့တော့ အမှတ်တရဖြစ်အောင် အလှဆုံးပြင် ရှိသမျှထဲက အကောင်းဆုံးကိုဝတ်။ ကဲ.. အလုပ်သွားရမှာတောင် မအောင့်နိုင်တောဘူး။ နာရီတွေရယ်.. မြန်မြန်လည်ပါတော့။ ကောင်လေးအတွက် ပန်းစည်းလေးတစ်စည်း ၀ယ်သွားရင်ကောင်းမလား.. ။ မဟုတ်သေးပါဘူး.. ပန်းစည်းက မိန်းကလေးတွေ အတွက်ပဲဟာ။ အို.. အလုပ်ချိန်တောင်နီးနေပြီပဲ.. သွားတော့မှ။ အိမ်ကမထွက်ခင် နောက်ဆုံးအနေနဲ့ ကိုယ်လုံးပေါ်မှန်ရှေ့မှာ တစ်ပတ်လှည့်ပြီး ကြည့်လိုက်တာ တို့ကိုယ်တို့တောင် ရင်ခုန်သွားတယ်။ ကောင်လေးရယ် မင်းကကော ဘာသားနဲ့ထုထားတာမို့လဲ။ တော်တော်ကြာ မင်း တို့ကိုတွေ့မှ နှလုံးတွေ ပရမ်းပတာခုန်ပြီး အရေးပေါ်ရောက်သွားမှာတောင် စိုးရိမ်ရတယ်။ ဟုတ်ပြီ.. ဇီးယို..၊ ကောင်လေးအတွက် ဇီးယိုဝယ်သွားရမယ်.. ဇီးယိုစားမှ နှလုံးငြိမ်မှာပေါ့။

ဟယ်.. ကောင်လေးက ဒီနေ့အလုပ်ကို အစောကြီးရောက်နေပါလား။ တခြားသူတွေတောင် မရောက်သေးဘူး။ တို့ကတော့ ထားပါတော့ စိတ်ကလောနေလို့ စောစောရောက်တာ။ သူကရောဘာလို့ စောရောက်နေရတာလဲ။ တို့နှစ်ယောက် နှလုံးသားချင်း ဆက်သွယ်နေပြီဆိုတာ သေချာသွားပြီပေါ့။ ရာသီဥတုက တို့ဘက်ပါတုန်း လှုပ်ရှားမှ။ အခွင့်အရေးဆိုတာ တစ်လတစ်ခါမလာဘူး။ .. အင်း.. အခုမှ သေသေချာချာ သတိထားမိတယ်။ ကောင်လေးမျက်နှာလည်း မကောင်းပါလား။ သုန်သုန်မှုန်မှုန်နဲ့ ဘာတွေများ အလိုမကျဖြစ်နေပါလိမ့်။ သူ့စိတ်ကလေး ပျော်သွားအောင် တို့ဘာများလုပ်ပေး ရမလဲ...

တို့ကိုတို့ ပြန်သတိထားလိုက်မိတဲ့အချိန်မှာ တို့ဟာမရည်ရွယ်ပဲ သူ့စာပွဲရှေ့ ရောက်နေမိပြီ။ ကောင်လေးက စိတ်ရှုပ်တာ နဲ့ နားမလည်တာ နှစ်ခုရောထားတဲ့ မျက်နှာနဲ့ တို့ကိုမော့ကြည့်တယ်။
“ဟေ့ ယူ..” လို့ တို့ရဲ့အိပ်မက်ရှင်လေးကို အနူးညံ့ဆုံးခေါ်၊ လက်ထဲက ဇီးယိုထုပ်ကို ကမ်းပေးလိုက်ပြီး.. “.. ရော့..စိတ်ညစ်နေရင် ဒါလေးစားလိုက်ပါလား.. ”

“အာ.. ညကများသွားလို့ အရက်နာကျပြီး ခေါင်းနောက်နေရတဲ့အထဲ ဒီ အခြောက်က တစ်မှောင့်၊ အရေးထဲ ဇီးထုပ်လာရောင်းနေသေးတယ်..”

အိုး... ပြောရက်လိုက်တာ ယူ ရယ်.. သူများကို.. သူများကို...

အီးဟီးဟီး.. အဟင့် အဟင့်.. ရွှတ်.. ဖတ်..

Source : http://www.ainmat.com ကြေမွသွားသော ဘဲဥတစ်လုံးအကြောင်း (ဗြ ဂ္ဃ)

Sunday, July 16, 2006

သင်ဤသို့ စမ်းသပ်ဖူးပါသလား ?



တကယ်ကို တည်ထွင်မှုစိတ်ကူးဥာဏ်ကောင်းသော Japan များဖြစ်ပါသည်။

သင်ဤသို့ စမ်းသပ်ဖူးပါသလား ? စမ်းသပ်မည်ဆိုလျှင် မိဘများမရှိစေရန် ကြိုတင်သတိပြုပါ။ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ပစ္စည်းများကို နေရာတကျ ပြန်လည် သိမ်းဆည်းသင့်ပါသည်။ :)


Tuesday, July 11, 2006

အောင်မြင်သောလူနှင့်မျက်နှာဖုံး


ကိုအော်ပီကျယ် ရေးဆွဲခဲ့တာပါ..
မယုံမရှိနဲ့။ အဲဒီလိုလူတွေပဲ အောင်မြင်တာ..





for more cartoon : www.modins.net

Friday, July 07, 2006

ကောင်မလေးနှင့် သူမ၏ညစာ


နိုင်ငံတစ်ခုစီတိုင်းမှာ သူတို့ရဲ့ ရိုးရာထုံးတမ်း အစဉ်အလာတွေအရ အနေအထိုင် အပြောအဆို အစားအသောက် အပါအ၀င် စားသောက်သည့်ပုံစံချင်းလည်း မတူကြပါဘူး.. အနောက်တိုင်းလူမျိုးတွေက ဇွန်း၊ခက်ရင်းနဲ့ စားကြပြီး မြန်မာ၊ အိန္ဒိယ အပါအ၀င် အာရှတ၀ှိုက်က လက်ဖြင့် စားလေ့ရှိပါတယ်။ ထူးခြားတာက တရုတ်အပါအ၀င် တရုတ်မျိုးနွယ်ဝင် ကိုရီးယား၊ဂျပန် တွေကတော့ “တူ” ဟု မြန်မာလိုခေါ်လေ့ရှိသော ၀ါးဖြင့်ပြုလုပ်လေ့ရှိသည့် တုတ်နှစ်ချောင်းဖြင့် စားလေ့ရှိပါ၏။

ကြုံတုံးပြောဦးမယ်.. ကျုပ်တို့မြန်မာပြည်ဆိုတာတည်ထောင်စဉ်ကတည်းက မိုးနဲဒေသ အလယ်ပိုင်းကစပြီး တိုင်ပြည်တခုရယ်လို့ ဖြစ်လာတော့ ရေနဲနဲရှားတယ်.. အဲဒီတော့ အ၀ှာစွန့်ပြီး ကိစ္စ၀ိစ္စပြီးရင် တုတ်နဲ့ Clean လုပ်ပါသတဲ့.. ရှေးမြန်မာများ ညစ်ပတ်သည်ဟု မထင်စေချင်ပါ.. သူတို့လဲ သူ့နည်းသူ့ဟန်ဖြင့် သန့်ရှင်းအောင် အဖြေရှာခဲ့ကြခြင်းသည်သာ..

ထားပါတော့(ဒါလဲသူသုံးနေကြစကားတစ်ခုပါ)၊ တရုပ်ပြည်၏ မည်သည့်မင်းဆက်မှ စတင်၍ “တူ” ကိုသုံးစွဲခဲ့ပါသနည်း? ဘာကြောင့် အစားတလုပ်စားရဖို့အရေး ဒီတုပ်တွေနဲ့ ခဲရာခဲစစ် စားသောက်ကြပါသနည်း..? Wikipedia တွင်ရှာကြည့်ပါသေးသည်၊ ခိုင်လုံသော အထောက်အထား မတွေ့ရပါ။ ဒီကသတ္တ၀ါတွေ နေ့စဉ် “တူ” နဲ့စားတာကြည့်ပြီး ငယ်ငယ်က မည်သူပြောပြခဲ့သည်မသိသော ပုံပြင်တစ်ပုဒ်ကို သတိရမိပါ၏။

ဒီလိုဗျ... ကျုပ်တို့ ရှေးမြန်မာရာဇ၀န်မှာ “ငတက်ဖြား” ဆိုတဲ့သူခိုးကြီးဟာ အခြားသောသူခိုးများနှင့်မတူဘဲ သူမတူအောင် ကျွမ်းကျင်ပါသတဲ့.. ဒါနဲ့ဘဲ ခိုးလွန်းလို့ မြန်မာရှင်ဘုရင်ကြီးရဲ့ ရွှေနားတော်ထိရောက်အောင် တိုင်တန်းမှုများ ရှိလာပါလေရော... ထုံးစံအတိုင်းပေါ့၊ ဘုရင်ကြီးကိုတိုင်တော့ သူခိုးဘယ်ဖမ်းပါ့မလဲ (သူခိုးမပြောနဲ့ ခြင်တောင်မိအောင်ဖမ်းဘူးတာမဟုတ်ဘူး၊ သူများကခြင်မကိုက်အောင် ဘေးက ယက်ခတ်ပေးရတာ)

“မင်းကြီးများ”

“ဘုရား”

“အမိန့်တောမှတ်မယ် နာခံစေဗျား.. ယ္ခုတလောတွင်း “ငတက်ဖြား” အမည်ရ သခိုးကြီးဟာ ငါကိုတော် အုပ်ချုပ်စဉ်ကာလ၌ တိုင်းသူပြည်သားတို့၏ အိုးအိမ်စည်းစိမ်ကို ခိုးဆိုးသောင်းကြမ်းနေသည်ဟု ငါကိုယ်တော် ကြားသိရတော်မူသည်။ ယ္ခုချိန်မှစ၍ ငါ၏ရှေ့တော်သို့ရောက်အောင် အမြန်ဆုံး ဖမ်းစည်းခေါ်ဆောင်လာရမည်။ အမိန်တော်....”

“အမိန့်တော်မြတ် အတိုင်းပါဘုရား”

ဟီး.. အဲဒီလို ပြောမယ်ထင်တာပဲ.. :) ရမ်းတုပ်ကြည့်တာ.. ကဲကဲ..ရှေ့ဆက်စို့.. ဒါနဲ့ပဲ ဘူးသီးပတ်.. အဲယောင်လို့ မှူးကြီးမတ်ရာတို့လဲ ဆင့်ကဲအမိန့်တော်တွေ နေရာအနှံ့ ဖြန့်ထုတ်ရတယ်ပေါ့ဗျာ.. ခုခေတ်လို email တွေ gtalk တွေမှမရှိဘဲ.. လူကိုယ်တိုင်ပဲ သွားကြပြောကြပေါ့... ဒီလိုနဲ့ သူခိုးကြီးကို ထောင်ချောက်ဆင်ပြီး ဖမ်းကြတာ အင်မတန်တော်ပါတယ်ဆိုတဲ့ သူခိုးကြီးလဲ ခိုးပဲခိုးတတ်ပြီး မပြေးတတ်တော့ မိသွားတယ်ဆိုပဲ.. ပြီးတော့ ရှင်ဘုရင်ကြီးရှေ့တော်မှောက် ဖမ်းစည်းပြီး ခစားစေသတဲ့..

“ဟေ့... ငါကိုယ်တော်၏ ရှေ့တော်မှောက့် ခေါင်းငုံခစားနေတာ ဘယ်သူလဲကွယ့်..”

သူပဲ သူခိုးဖမ်းဆိုလို့ ဖမ်းခေါ်လာတာ မြင်ရဲ့သားနဲ့ မေးနေရသေးတယ်.. ဪ.. ရှင်ဘုရင်ပေပဲ.. နဲနဲတော့ ပဲများပေမပေါ့..

“မှန်လှပါဘုရား.. ကျွန်တော်မျိုးကြီး ငမိုက်သား သူခိုးကြီး ငတက်ဖြား ပါဘုရား..”

အောင်မာ.. သူခိုးက နုသေးတယ်.. ဓမြရုပ်နဲ့ အခြောက်လုပ်ချင်သေးတယ်... ကြုံတုံးတွယ်ကြည့်တာ... အလျှောက်ကောင်းရင် အထောင်းလွတ်တယ်ဆိုတဲ့ စကားပုံကြားဖူးထားပုံရသော သူခိုးကြီးကဘဲ ဆက်ပြီး...

“မှန်ရာကို တင်ပါသည် ဘုရား.. မလိမ္မာ အခါတရာမိုက်လေးမို့ ခွင့်လွှတ်တော်မူပါဘုရား... အရှင်မင်းကြီး အမျက်တော်ရှ၍ သတ်ရင်လဲ သေရမည့်သူပါဘုရား.. သနားသဖြင့် အသက်ချမ်းသာခွင့်ပေးမှ ရှင်ရမည့်သူပါဘုရား.. အရှင်မင်းကြီးလက်ခုပ်တော်မှ ရှူရှူးလိုပါပဲဘုရား.. ရှူလိုကရှူ.. သောက်လိုက သောက်..” အဲ အဲ.. ဖောတာ လွန်ကုန်ပြီ...

တကယ်တမ်းကြတော့ ဘုရင်ကြီးဟာ သူအုပ်စိုးစဉ်ကာလတွင်း အလွန်ကြီးမားသော အပစ်မှလွဲ၍ “သတ်စေ” ဟူသော အမိန့်ကို တတ်နိုင်သလောက် မသုံးချင်တဲ့ သူတစ်ဦးဖြစ်သတဲ့.. ဒါ့အပြင် ဘာသာတရားကို အလွန်ကြည်ညိုပြီး မြတ်စွာဘုရားရှင်ကို ကိုယ်တိုင်မဖူးရလို့ ဓတ်တော်မွေတော်တို့ကိုဘဲ ဘုရားရှင် သက်ရှိထင်ရှား ရှိသကဲ့သို့ ရည်မှန်းပြီး အလွန်ကြည်ညိုလေးစားသူ တစ်ယောက်ဖြစ်သတဲ့... အဲ.. ဒါ့အပြင် တရုတ်ပြည်ကလာတဲ့ သံတမန် သတင်းတော်အရ တရုတ်နိုင်ငံမှာ မြတ်စွာဘုရားရှင်၏ ဓတ်တော်မွေတော်ဖြစ်သော စွယ်တော်မြတ်တစ်ဆူ ရှိတယ်ဆိုတာကို သိထားလေရဲ့… ဒါနဲ့ပဲ…

“ကဲကဲရှိစေတော့ မောင်မင်းငတက်ဖြား၊ သို့သော်လည်း သင်သည် ခိုးသည့်အတတ်ပညာတွင် အလွန်ကျွမ်းကျင်သည်ဟု ကျုပ်သိရှိရတော်မူသည်။ သင်၏ ခိုးသောအမှုတို့ ပြေပျောက်စေခြင်းငှာ တရုပ်ပြည်တွင် ရှိသည့် မြတ်စွာဘုရားရှင်၏ ဓတ်တော်မွေတော်ဖြစ်သော စွယ်တော်မြတ်ကို သင်၏ပညာဖြင့် ငါ၏ ဘုရားကျောင်းဆောင်တော်သို့ ပင့်ဆောင်တောင် မူလာရမည်” ဟု စိတ်ထဲရှိရာ အမိန့်တော်ကို မှတ်လိုက်ပါလေသတဲ့…

ငတက်ဖြားကြီးခမျာလည်း တသက်နှင့်တကိုယ် တစ်ခါမှ တရုတ်ပြည်ရောက်ဖူးတာ မဟုတ်။ ဒါပေမယ့်… ဒါပေမယ့်ပေါ့လေ…. ငတက်ဖြားဆိုတာကလည်း နာမည်တလုံးနဲ့ နေတာမဟုတ်လား.. သူခိုးတို့မည်သည် ရအောင်ခိုးနိုင်ရမည်ဟူသော မလျှော့သော ဇွဲ၊လုံးလတို့နှင့် တရုတ် သိုင်းဝတ္တုထဲကအတိုင်း မည်သို့မည်ပုံ ပြုလိုက်သည်မသိ.. တရုတ်ဘုရင်ကြီး၏ နန်းဆောင်ထဲကို ရောက်သွားတယ်ဆိုပဲ.. တရုတ်ဘုရင်ကြီး တရုတ်အရက်တွေ သောက်ပြီး အိပ်မောကြနေချိန်မှာ ငတက်ဖြားကြီးဟာ စွယ်တော်မြတ်ကို ခိုးယူပင့်ဆောင်နိုင်ခဲ့ပါသတဲ့.. ဒါနဲ့ ပြန်မယ်အလုပ်မှာ သွားလေးနှစ်ချောင်း ရှေ့ကိုအတန်ငယ် ခေါနေပြီး တခေါခေါနဲ့ အိပ်မောကျနေတဲ့ ဘုရင်ကြီးကို ကျီဆယ်လိုတာနဲ့ ပါလာတဲ့ ကွန်းအစ်ထဲက ထုံးတစ်တို့ယူပြီး ဘုရင်ကြီးရဲ့နှဖူးမှာ သူ ခိုးယူသွားမှန်း သိအောင် “ငတက်ဖြား” လို့ ရေးခဲ့ပါလေရော.. တော်တော်နောက်တဲ့ကောင်.. ဟီး.. ကျုပ်လိုပဲ..

နောက်တနေ့ တရုတ်ဘုရင်ကြီး ညီလာခံကျင်းပတော့ ဒီလောက်စစ်တပ်တွေ အထပ်ထပ် စောင့်ကြပ် ထားတဲ့ကြားက သူကိုးကွယ်ရာ စွယ်တော်မြတ်ကို ခိုးယူခံရတဲ့အပြင် နှဖူးမှာပါ စာရေးခံရတော့ တော်တော့ကို ဒေါသ တွက်နေလေရဲ့…

“၀ သိစိတ်စိုးလယ်.. ၀ ပစ်စီးကိုလည်းခူးလယ်.. ၀ကိုလည်း စူစူကားကား နှီဖူးမှာ စာရီးလယ်.. ၀လို့ စီလုပ်တွေ တီလောက် ညံ့ရလား.. တီနေ့ကစပီး မြီမာတွီ ချီးကူးလဲ့တုတ်နဲ့ပီး ထီမင်းစားကြလော့” ဆိုပြီး အလွန်ပြင်ထန်တဲ့ အမိန့်ကို ချလိုက်ပါလေရော…

အဲဒီအချိန်ကစပြီး တရုတ်တွေ “တူ” နဲ့စားတဲ့ အလေ့အထ ဖြစ်လာပါသတဲ့ကွယ်.. ပုံပြင်လေးကတော့ ဒါပါပဲ.. မောင်ညီမလေးတို့ တတွေလဲ “တူ” နဲ့စားသောက်တိုင်း ဒီပုံပြင်လေးကို အမှတ်ရကြပါကွယ်….

ဪ.. ဒါနဲ့ ကျွန်တော့ကောင်မလေးရဲ့ ညစာကိုရော သူမဘယ်လိုစားသုံးနေပါသလဲ…?
“တူ” နဲ့မစားဖြစ်ပါစေနဲ့လို့ ဆုတောင်းမိပါ၏။ ။