Wednesday, August 29, 2007

အနော် ချင်ကာပူမှာနေတာပါ

အရင်လ computer ဂျာနယ်မှာ ကျနော့ blog ကို website အညွှန်းထဲပါလာတယ်။ ကျေးဇူးအထူးတင်ရှိပါတယ် ကိုကို computer ဂျာနယ်။



အဲ... ဒါပေမယ့် ဒါပေမယ့် ပေါ့လေ... ကျနော့ Profile မှာ Occupation: Software Engineer , Location : Singapore လို့ရေးထားရက်နဲ့ ဂျပန်မှာ ပညာသင်ကြားနေသော လူငယ်လေးဆိုတော့ ဟီးဟီးဟီးဟီး ဖတ်ပြီး ရီလိုက်ရတာ :D

ဘာပဲဖြစ်ဖြစ် မမှားသောရှေ့နေ မသေသောဆေးသမား မရှိမို့ ကျေးဇူးအထူးတင်ရှိပါတယ် ကိုကို computer ဂျာနယ်။

Tuesday, August 28, 2007

Singapore Salary Guide 2007

Kelly Services က နှစ်စဉ် ထုတ်ဝေနေကြ Singapore Salary Guide ပါ။ မိမိရာထူး (တာဝန်) နှင့် လုပ်သက် ပေါ်မူတည်ပြီး ရနိုင်တဲ့ လစာကို ဖော်ပြပေးထားပါတယ်။

ရန်ကုန်က သူငယ်ချင်းတစ်ယောက်က မေးတယ်... ငါဒီမှာ လုပ်သက် ၆ နှစ် (Computer/Network Administrator for a CyberCafe) ရှိတယ်တဲ့။ ဘယ်လောက်ရနိုင်လဲတဲ့... သြော်... အဲ... အင်း... ရမှာပါ... :)

Download Singapore Salary Guide 2007

Update:
Download Singapore Salary Guide 2008

Wednesday, July 11, 2007

ဝမ်းနည်းကြေကွဲခြင်း


ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မင်းသား ဒွေးဟာ ယနေ့ ဇူလိုင်လ ၁၁ ရက် ညနေခင်းက ရုတ်တရက်ကွယ်လွန်းသွားကြောင်း သိရပါတယ်။

Source : Popular

Monday, June 11, 2007

Windows Vista တင်ပြီးမှ XP ကို Dual Boot တင်ခြင်း

Dual boot Vista nad XP

Windows Vista တင်ပြီးမှ ဟိုဟာတင်မရ ဒီဟာတင်မရနဲ့ ဒုတ္ခရောက်နေသူတွေအတွက်ပါ။ ကျုပ်လဲ ဒုတ္ခရောက်သွားတယ်လေ...
Sony Handycam လေးဝယ်ပြီး honeymoon သွားတုန်းက ရိုက်ထားတာ၊ notebook ထဲကူးမယ်လုပ်ရော Driver က install လုပ်မရတော့ဘူး။
Vista ကိုလဲ XP နဲ့ Downgrade မလုပ်ချင်ဘူးလေ။ အဲဒီတော့ ....

၁။ Vista တင်ကတည်းက Hard Disk ကို Partition ၂ ခြမ်းခွဲထားတယ်။ မခွဲရသေးရင် Vista ရဲ့ Disk Manager မှာ Shrink လုပ်လို့ရတယ်။
၂။ Windows XP CD နဲ့ boot လုပ်ပြီး XP ကို New Partition မှာ တင်ရပါမယ်။
၃။ Windows XP installation ပြီးသွားရင် Vista ကိုပြန်ပြီး Active ဖြစ်အောင်လုပ်ရပါမယ်။
၎။ XP တင်လိုက်ခြင်းကြောင့် Vista ရဲ့ Boot Loader Record တွေပျက်ကုန်တာကို အရင် Repair လုပ်ပေးရပါမယ်။ Vista DVD ကို ထည့်ပြီး Windows ကို Restart လုပ်ပါ။ ပြီးရင် Boot from CD ဆိုပြီး Vista CD နဲ့ Setup ကို Run ရပါမယ်။
၅။ Setup run လာရင် "Install Now" ကို Click ပါ။
၆။ ပြီးရင် "Repair your computer" ကို Click ပါ။
ရ။ System Recovery Options screen ပေါ်လာပါလိမ့်မယ်။ Startup Repair ကို Click ပါ။
၈။ ဒါဆိုရင် သင့် Computer ဟာ Vista နဲ့ Boot ပြန်တက်လာပါလိမ့်မယ်။
၉။ Dual Boot ကို Computer Setup မှာ Boot Menu အလွယ်တကူ ပေါ်လာစေဖို့ ဒီ EasyBCD Software လေးကို Windows Vista မှာ Install လုပ်ရပါမယ်။
၁၀။ EasyBCD ကို Install လုပ်ပြီး Run ပါ။
၁၁။ Add/remove Entries ကို Click ပါ။ ပြီးရင် XP Install လုပ်ထားတဲ့ Drive နဲ့ Version ကို "Windows NT/2k/XP/2k3" ဆိုပြီးရွေးပါ။ Add Entry ကို Click ပါ။ Save ကို Click ပါ။
၁၂။ ဒါပါပဲ။ ခုဆိုရင် သင့် Computer ဟာ XP နဲ့ Vista ကို Dual boot Run နိုင်ပါပြီ။

Thursday, April 12, 2007

သင်္ကြန် Remix

မြန်မာနှစ်သစ်မင်္ဂလာမှာ အားလုံးပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းလိုက်ပါတယ်...



မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ဆို၏။ “ဆင်းရဲကြပ်တည်းမှုနဲ့ မတရားမှုတွေက ဖိစီး ထားပေမယ့် … ဖိစီးထားလို့လည်းဖြစ်ကောင်းဖြစ်မယ် … ကျမတို့ မြန်မာနိုင်ငံသားများဟာ ရိုးရာပွဲလမ်းတွေမှာ ရနိုင်သမျှ အခွင့်အလမ်းတွေကတဆင့် ပျော်လို့ရနိုင်သမျှ ပျော်ဖို့ကို ထူးထူးခြားခြား တတ်နိုင်စွမ်းသူတွေပါ” ဟူသတည်း။

Wednesday, April 11, 2007

အကြိုက်ဆုံး Window Vista ကို Support လုပ်တဲ့ Free Sofwares

ကျနော် အကြိုက်ဆုံး Window Vista ကို Support လုပ်တဲ့ Free Sofware လေးတွေပါ။ Software တွေကို ၀ယ်သုံးဘို့ဆိုတာကတော့ .... ဟီး Money က... :P
(ကိုယ်ကိုတိုင်က Programmer ဆိုတော့လဲ သူများရောင်းဘို့ လုပ်ထားတဲ့ Application တွေကို (တတ်နိုင်သလောက်) ခိုးမသုံးချင်ဘူးလေ... ၀တ်လည်မှာ သေချာကာကိုး... )

1. WordWeb Dictionary (Desktop Dictionary)

2. Virtual Clone Drive (Virtual CD/DVD Drive, ISO format support)

3. Free Easy Burner (CD/DVD Burning Software)

4. FileZilla (FTP file upload tools)

5. Free Download Manager (Faster File Download, Stop-Resume Support)

6. Picasa (Photo management application)

Monday, April 09, 2007

How guys select the girls they want to marry?

www.friendstar.com blog မှာ ပထမဆုံးတင်ခဲ့တဲ့ Post လေးပါ...
firendster account ရှိမယ်ဆိုရင် မိတ်ဆွေဖြစ်ကြရအောင် ဒီမှာ(www.friendster.com/koye) ကျနော့ရဲ့ friendster ပါ

A man is dating three women and wants to decide which to marry. He decides to give them a test. He gives each woman a present of $5,000 and watches to see what they do with the money.

The first does a total makeover. She goes to a fancy beauty salon, gets her hair done, purchases new make-up and buys several new outfits and dresses up very nicely for the man. She tells him that she has done this to be more attractive for him because she loves him so much. The man is impressed.

The second goes shopping to buy the man gifts. She gets him a new set of STRONG golf clubs, some new gizmos for his computer and some expensive clothes. As she presents these gifts, she tells him that she has spent all the money on him because she loves him so much. Again, the man is impressed.

The third invests the money in the stock market. She earns several times the $5,000. She gives him back his $5000 and reinvests the remainder in a joint account. She tells him that she wants to save for their future because she loves him so much. Obviously, the man was impressed.

The man thought for a long time about what each woman had done with the money.Then he married the one with the largest breasts.

Men are Men!!!

Sunday, April 01, 2007

Google အိမ်သာနက်

ကြံကြံဖန်ဖန် ကိုရဲက ပေါက်တတ်ကရ ရေးတယ်လို့ မထင်ပါနဲ့
တကယ်ကြံကြံဖန်ဖန်လုပ်တာက Google...
Google TiSP ဆိုပြီးလုပ်မလို့တဲ့လေ... internet ကို အိမ်သာထဲက connection ယူမလို့တဲ့။
တော်တော်နောက်တဲ့ Google ...

Sick of paying for broadband that you have to, well, pay for?

Introducing Google TiSP (BETA), our new FREE in-home wireless broadband service. Sign up today and we'll send you your TiSP self-installation kit, which includes setup guide, fiber-optic cable, spindle, wireless router and installation CD.

TiSP in-home wireless broadband is:
- Free, fast and highly reliable
- Easy to install -- takes just minutes
- Vacuum-sealed to prevent water damage


[အော်... ဒီနေ့က ....... ဆိုတော့လဲ... အဟ]

Friday, March 30, 2007

Google Talk Gadget

Google Talk Gadget ဆိုတာက သင့် Webpage တစ်ခုခုပေါ်မှာ Google Talk ကို Run လို့ရအောင် လုပ်ပေးနိုင်တဲ့ Script လေးပါ။ အဲဒီ Script လေးကို သင့် Website မှာပဲဖြစ်ဖြစ်၊ Blog မှာပဲဖြစ်ဖြစ်၊ Google Home Page မှာပဲဖြစ်ဖြစ် တင်ထားရုံနဲ့ သင်ဟာ Google Talk Light Version အဖြစ် ဘယ် Computer မဆို Gtalk Install မလုပ်ဘဲ သုံးနိုင်ပါပြီ။

Links
Google Talk Gadget Home Page

Google Talk Gadget Sample Html Page

Flash Player Problem in IE7 Vista

Vista မှာပါတဲ့ IE7 ဟာ တစ်ချို့သော Flash Content websites (e.g YouTude.com) တွေမှာ Flash Player Install လုပ်ပါဆိုပြီး Error ပေးတတ်ပါတယ်။ Adobe website မှာ Flash Player Download Page ကိုသွားကြည့်ပြန်တော့လဲ Flash Player Succefully installed ဆိုပြီး flash banner ကိုမြင်ရပြန်ရော။

ဒီ Error ကိုဖြေရှင်းမယ်ဆိုရင် တော့ ...

၁။ C:\Windows\System32\Macromed\Flash ကို သွားပါ။
၂။ FlashUtil9b.exe ကို Run ပါ။
၃။ An update to your adobe flash player is available ဆိုပြီး ပေါ်လာတဲ့အခါ Install ကို Click လိုက်ပါ။
၎။ Windows ကို Restart လုပ်ပါ။

အဲဒီလိုလုပ်လိုက်ရင်တော့ Vista က IE7 ဟာ Flash Content Website တွေကို ကောင်းကောင်းကြည့်လို့ရသွားပါပြီ။ အရင်က မလုပ်တတ်လို့ Firefox သုံးလိုက်ရသေးတယ်။ ခုတော့ သားသားစားချင်တာစားလို့ရပြီ... အဲ.. သားသားသွားချင်တာသွားလို့ရပြီ :)

Thursday, March 29, 2007

Folder Option ကို ဖျောက်ပြစ်တတ်တဲ့ Flashy Virus

အရင်လက ရန်ကုန်ပြန်သွားတော့ ညီဖြစ်သူက ပြောတယ်..
သူတို့ကျောင်းက Computer တွေမှာ Folder Option မရှိတော့ဘူးတဲ့။ ရှိရှိသမျှ Anti-Virus တွေရော Ad-Ware တွေရော သုံးပြီး ရှာတာ နောက်ဆုံးတော့ ကတုံး(Format)ပဲ တုံးလိုက်ရတယ်တဲ့။

အဲဒီ Virus ကတော့ Flashy ပါပဲ။ အဲဒီ Flashy Virus ရှိတဲ့ PC ကို USB Flash Drive လေးထည့်လိုက်တာနဲ့ သူဟာ USB Drive ထဲကို ၀င်ပြီး ရှိပြီးသား Folder Name တွေနဲ့တူတဲ့ Virus file လေးတွေ ပွားပေးပါတော့တယ်။ ရှိပြီးသား Folder တွေကိုတော့ Hidden File လုပ်လိုက်ပြီး Folder Option Menu ကိုပါ ဖျောက်ပြစ်လိုက်ပါတယ်။ Windows Task Manager မှာကြည့်ရင် Flashy.exe Run နေတာကိုတွေ့ရမှာဖြစ်ပြီး သူ့ကို End Task လုပ်ရုံနဲ့ သေမသွားပါဘူး။

သူ့ကို အသေသတ်နိုင်တဲ့ Flashy Fix ကို NOD32 က Release လုပ်ပေးထားပါတယ်။

ဒီမှာ Download ရယူနိုင်ပါတယ်။

Friday, March 16, 2007

Clarification - Presented by Windows Vista

အတွေးအခေါ်လေးတွေ တော်တော်ကောင်းပါတယ်... ရီစရာလဲ အလွန်ကောင်းပါတယ်...
Episode 6 ထဲက စာသားလေးတွေပါ။




Life is like a Road.
It twists and turns
and if you lie in it too long,
you will be crushed.


People are like balloons.
They are more fun when they have air in them.
And if you poke them with a pin,
they make noise.


Free Time ရှိမယ်ဆိုရင် http://clearification.com မှာသွားကြည့်လိုက်ပါ။ စိတ်ဝင်စားသွားလိမ့်မယ် :)

Saturday, March 10, 2007

NYP 2007 သင်္ကြန်စာ

စင်္ကာပူ Nanyang Polytechnic မှာ ပညာသင်နေကြတဲ့ ကျောင်းသားများရဲ့ သင်္ကြန်စာပါ။

သေချာဖတ်ကြည့်... ရှူရှူးထွက်အောင် ရယ်ရလိမ့်မယ် :D
သင်ဟာ စင်္ကာပူမှာ နေတဲ့သူဆိုရင်တော့ သူတို့ဘာကိုဆိုလိုတယ်ဆိုတာ မတွေးကြည့်ဘဲသိနိုင်ပေမဲ့ ... အခြားနိုင်ငံမှာ နေတယ်ဆိုရင်တော့ စင်္ကာပူက သူငယ်ချင်းနဲ့ တူဖတ်ကြည့်ပြီး ပြုံးပျော်နိုင်ကြပါစေ...။

Download NYP သင်္ကြန်စာ

Friday, March 02, 2007

IT Project Management ဆိုတာ ဒါမျိုးပေါ့။

1) Project Manager is a Person who thinks nine women can deliver a baby in One month.

2) Developer is a Person who thinks it will take 18 months to deliver a Baby.

3) Onsite Coordinator is one who thinks single woman can deliver nine babies in one month.

4) Client is the one who doesn't know why he wants a baby.

5) Marketing Manager is a person who thinks he can deliver a baby even if no man and woman are available.

6) Resource Optimization Team thinks they don't need a man or woman; they'll produce a child with zero resources.

7) Documentation Team thinks they don't care whether the child is delivered or not, they'll just document 9 months.

8) Quality Auditor is the person who is never happy with the PROCESS to produce a baby.

9) Tester is a person who always tells his wife that this is not the Right baby

Tuesday, February 27, 2007

အကြိုက်ဆုံး Gtalk Custom Status Messge

သူငယ်ချင်းတစ်ယောက်ရဲ့ Gtalk Custom Status Messge ပါ။
တော်တော်နောက်တဲ့လူ...
ဗိုက်ခေါက်လိမ်ဆွဲခံရမှာ မကြောက်ဘူးထင်တယ် :D

Gtalk status message

Monday, February 26, 2007

Chat love

သူငယ်ချင်းတစ်ယောက် ပို့ပေးတာပါ... QQ လုပ်လို့ရအောင်ဆိုပဲ အဟ...

“Internet join လို့ရတဲ့မင်းလေးကို အရမ်းချစ်တယ်...
ကြင်နာသူရေ I love you...
သတိရတဲ့အခါ I miss you...
Mailbox ထဲမှာ ငါ့ရဲ့အချစ်တွေဟာလေ မင်းအတွက်ပါ....
ညအိပ်လို့မရရင် I sick you....”

နားထောင်လို့တော့ အတော်ကောင်းပါတယ်။ ဆိုတဲ့သူတော့ ဘယ်သူမှန်းမသိဘူး။

Download & listen :)

Thursday, February 22, 2007

ဘယ်လိုဖြစ်ကြတာလဲ ?

R ဇာနည်ကနေ G ဇာနည်ဖြစ်သွားပြီဆိုပဲ.. အဟ :P
ကဲကဲ... အပျိုကြီး အပျိုလေးတွေရေ... ကြည့်ပြီး အသည်းယားမနေကြနဲ့



Wednesday, February 21, 2007

Window Vista Ready ZawGyi Myanmar Unicode Keyboard Layout

Vista install လုပ်ပီးကတည်းက ZawGyi Keyboard ကို Install လုပ်လို့မရတော့ ညစ်နေတာ...
ခုတော့ အဆင်ပြေသွားပီ... Vista User တွေအားလုံးလဲ အဆင်ပြေရအောင် Upload လုပ်ပေးလိုက် ပါမယ်..

ခုလုပ်ပေးထားတဲ့ Installer မှာ Win386 (32bit) အပြင် 64 bit Window XP, 64 bit Vista ပါ အသုံးပြုလို့ ရပါတယ်။
Setup.exe ကို Run ပြီး Install လုပ်နိုင်ပါတယ်။

*Update : Windows 7 မှာလဲ Install လုပ်လို့ရပါတယ်။



Download Window Vista Ready ZawGyi Myanmar Unicode Keyboard Layout (254 KB)