Monday, August 28, 2006

ချစ်ခြင်း၏ တစ်စုံတစ်ရာ (ဒုတိယပိုင်း)


(ပထမပိုင်း မဖတ်ရသေးလျှင် ဤ Link တွင်ဖတ်ရှုနိုင်ပါသည်။)

ဒီလိုနဲ့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်၊ ချစ်ကြ၊ ကြည်နူးကြတဲ့ ရက်တွေထဲမှာ ကံက္မြာအကြောင်းက ဖန်လာပါတယ်… စစ်သူကြီးဟာ စစ်ထွက်ရတော့မယ်လေ… အလွန်အရေးကြီးတဲ့စစ်ပွဲ ဖြစ်တဲ့အပြင် အန္ဓရယ်ရှိတဲ့ စစ်ပွဲလဲ ဖြစ်လေတော့ ဘုရင်မလေးဟာ စစ်သူကြီးရဲ့ လက်ကို ဆုပ်ကိုင်ပြီး

“ရှင် ကျမဆီကို ပြန်လာခဲ့ပါမယ်လို့ ကတိပေးပါလားဟင်…”
“ကောင်မလေးရယ်… ငါ့ဘ၀မှာ မင်းတစ်ယောက်ထဲကိုပဲ ချစ်ခဲ့ဖူးပါတယ်လို့ ငါမပြောလိုပေမဲ့၊ ငါ့ဘ၀တစ်ခုလုံးရဲ့ အချစ်ဆုံးနဲ့ အမြတ်နိုးဆုံးလူဟာ မင်းတစ်ယောက်ထဲပဲ ဆိုတာကိုတော့ အကြွင်း မဲ့ယုံကြည်လိုက်စမ်းပါ။ ဘယ်လိုပဲဖြစ်ဖြစ် ငါမင်းဆီ အရောက်ပြန်ခဲ့မှာပါကွယ်…”

ဒီလိုနဲ့ စစ်ပွဲကြီး ပြီးဆုံးသွားတော့ စစ်သူကြီးဟာ ပြန်မလာနိုင်တော့ပါဘူး။ စစ်ပွဲမှာ ကျဆုံးသွားတယ် ဆိုတဲ့အကြောင်းသာ သတင်းရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဘုရင်မလေးဟာ ဒီအဖြစ်ကို လုံးဝ လက်မခံနိုင်ဘူးတဲ့လေ။ သူမယုံကြည်နေတာက စစ်သူကြီလေးဟာ တစ်နေ့တော့ သူမဆီပြန်လာမယ်ဆိုတာကိုပါပဲ။ ဒီလိုနဲ့ နှစ်လရာသီတွေ အလီလီပြောင်းပြီး အချိန်တွေသာ ကြာသွားတယ် သူမမျှော်လင့်နေတဲ့ စစ်သူကြီးလေးကတော့ ပေါ်မလာတော့ပါဘူး…

ဒါကြောင့် မူးမတ်ကြီးတို့ကလဲ သေသောသူ ကြာလျှင်မေ့ရမှာဘဲဆိုပြီး ဘုရင်မလေးကို ဒုတိယအကြိမ် အိမ်ထောင်ပြုဖို့ တိုက်တွန်းပါသတဲ့… အချိန်တွေကလဲ ကြာပြီဆိုတော့ ဘုရင်မလေးဟာ မငြင်းနိုင်တော့ဘဲ ကြင်ယာရွေးချယ်ပွဲကို လက်ခံလိုက်ရပါသတဲ့…

ရွေးချယ်မဲ့ အချိန်လဲရောက်ရော ခန်းမဆောင်အပြင်မှာ သူတောင်းစားကဲ့သို့ စုတ်ပြတ်နုံချာလှတဲ့ ယောက်ျားတစ်ယောက်ဟာ သူလဲပဲ အရွေးချယ်ခံချင်လိုကြောင်း တံခါမှူးကို ခွင့်တောင်းသတဲ့။ တခါးမှူးတို့ကလည်း သင်နှင့် အပ်စပ်သည့်နေရာ မဟုတ်ဟုဆိုကာ နှင်ထုတ်နေတာကို ဘုရင်မလေးကလဲ မြင်ရော

“သူလဲပဲ ယောက်ျားတစ်ယောက်ပေပဲ။ ခွင့်ပြုလိုက်ပါ”

ဒီတစ်ကြိမ်မှာလဲ ဘုရင်မလေးဟာ ပထမအကြိမ် ရွေးချယ်တုန်းကလိုပဲ လက်သန်းလေးထောင်ပြီး ရွေးချယ်ပြန်သတဲ့။ ဘုရင်မလေးဟာ ကြင်ယာတော်ရွေးဖို့ လက်သန်းလေးကို ထောင်လိုက်ချိန်မှာပဲ ထိုသူတောင်းစားလေးဟာ ရုတ်တရက် သူမလက်သန်းနဲ့ လက်သန်းချင်း လာချိတ်ပါသတဲ့။ (တယ်သွက်တဲ့ကောင်ပဲ၊ အဲဒါမျိုးကြတော့ ကျုပ်သူငယ်ချင်း တစ်ယောက်နဲ့ တူတယ်ဗျ။ Sorry ကွာ။ မင်းကိုသတိရမိလို့ ဟီး ဟီး)

သူမဟာ အတော် အံ့အား သင့်သွားတယ်။ တစ်ကိုယ်လုံး စုတ်ပြတ်သတ်နေပြီး ဂုန်နီအိတ်ကို အ၀တ်အဖြစ် စွပ်ထားကာ ညစ်ပတ်နံစော်နေတဲ့ သူတစ်ယောက်နဲ့ ဘုရင်မလေးတို့ အဖြစ်ဟာ ဘယ်လိုမှ Romantic မဖြစ်နိုင်ပဲ နှခေါင်းရှုံ့ချင်စရာသာ ဖြစ်ပါတော့တယ်…

ဘုရင်မလေးဟာ လုံးဝမထင်မှတ်ထားတဲ့အတွက် ရှက်လည်းရှက်၊ ဒေါသလဲထွက်မို့ ထိုသူရဲ့ ဂုန်နီအိပ် ခေါင်းစွပ် ကြီးကိုလဲ ချွတ်လိုက်ရော…

“အို… ရှင်… ရှင်…”
“ဟုတ်ပါတယ်… မင်းသိပ်ချစ်ရတဲ့ မင်းရဲ့စစ်သူကြီးလေးပါ…”

“ငါ့ကိုများ စွပ်စွပ် စွဲစွဲ။ မင်းတောင့်တလွန်းလို့ ငါကိုထင်ပြရတာကွ”

အဟီး… အိပ်ချင်ပြီ… တတိယပိုင်းက နောက်နေ့မှနော် :P
မကြာမှီ လာမည် မျှော်…………

Friday, August 25, 2006

ချစ်ခြင်း၏ တစ်စုံတစ်ရာ (ပထမပိုင်း)


ခင်ဗျားတို့ကို ကြိုပြောထားရဦးမယ်။ ဒီပုံပြင်ကို ဘယ်တော့မှ ကိုချစ်တဲ့သူကို မပြောပြမိစေနဲ့။ ကျုပ်သိသလောက် ပြောမိတဲ့သူတိုင်း အဖြစ်ဆိုးနဲ့ကြုံပြီး ကွဲရတတ်တယ်။ ဒါဆိုဘာလို့ရေးလဲလို့ မမေးနဲ့။ မရေးပဲမနေနိုင်တောလို့ဗျို့…..

သိပ်ချစ်ရတဲ့ကောင်မလေးရေ… ကိုမင်းကိုမပြောဘူးနော်။ ကိုယ့်ဟာကို ဖတ်မိရင်တော့ ကျုပ်ကရေးပဲရေးတာ၊ ပြောတာမဟုတ်တော့ အာပါတ်တော့ လွတ်မယ်ထင်တာပဲ.. ဟီး…

ပုံပြင်လေးက ဒီလိုဗျ.. အင်း… ပြုံပင်ဆိုတော့ ဟိုး… ရှေးရှေးတုန်းကနဲ့ပဲ စတာကောင်းပါတယ်…

ဟိုး… ရှေးရှေးတုန်းကပေါ့ဗျာ… (ကျွန်တော့ကောင်မလေးလို ဟီး…) သိပ်ကိုချောမောတဲ့ မိန်းကလေးတစ်ယောက်ဟာ တိုင်းပြည်ကြီးတစ်ခုမှာ ဘုရင်မအဖြစ် နန်းစံနေသတဲ့… မောင်တစ်ကျိတ် (၁၀ ယောက်) ပင်ရှိလင့်ကစား လင်ယောကျာ်းမရှိရင် မတင့်တယ်ဘူးဆိုတဲ့ ဆိုရိုးစကားကလဲ ရှိလေတော့ မူးကြီးမတ်ရာတွေက မအိုသေးတဲ့ အပျိုလေးဘုရင်မကို အိမ်ထောင်ဖက်ရွေးချယ်ဖို့ တိုက်တွန်းပါသတဲ့။

ဘုရင်မလေးကလဲ သူမနဲ့စိတ်သဘောထားတိုက်ဆိုင်ပြီး သူမချစ်မြတ်နိုးတဲ့သူကိုပဲ လက်ထပ်ချင်သတဲ့လေ။ ဒီလိုလူကိုရွေးဖို့ဆိုတာ မလွယ်လေတော့ သူမက အကြံတစ်ခု ထုတ်သတဲ့…

ကြင်ယာတော်ရွေးချယ်ပွဲနေ့မှာ မင်းညီမင်းသား၊ သူကြွယ်၊ စစ်သေနာပတိ အစရှိတဲ့သူတွေအားလုံး လာရောက် အရွေးခံကြတာပေါ့ဗျာ… ဘုရင်မ လုပ်စာထိုင်စားရမယ့်ကိစ္စပဲလေ။ ကိုယ့်ကို တင့်တောင့်တင့်တယ် ထားနိုင်မယ့် မိန်းမတစ်ယောက် ရဖို့ဆိုတာ ယောကျာ်းတစ်ယောက်အတွက် လွယ်တာမှ မဟုတ်တာပဲနော်။

ရွေးချယ်ရမယ့် အချိန်လဲရောက်ရော ဘုရင်မလေးဟာ တန်းစီရပ်နေတဲ့ ယောကျာ်းလူတန်းစားမျိုးစုံရှေ့မှာ ရပ်လိုက်ပါသတဲ့… ပြီးတော့ ကြိုတင်စဉ်းစားထားတဲ့အတိုင်း သူမရဲ့ ညာဘက်လက်သန်းလေးကို ထောင်ပြပိုက်ပြီး တစ်ဦးချင်းရှေ့ကနေဖြတ်လျောက်ပါလေရော…

အဲ…အဲဒီတော့ ဟိုလူတွေလဲ IQ တွေကွေးကုန်ကြတာပေါ့။ “ဘာလဲဟ ဘာလဲဟ… အာ.. ဘာပဲဖြစ်ဖြစ်ကွာ” ဆိုပြီး လက်မ ထောင်ပြတဲ့ကောင်ကပြ၊ လက်ညှိုး ထောင်ပြတဲ့ကောင်ကပြ၊ လက်သူကြွယ် ထောင်ပြတဲ့ကောင်ကပြနဲ့ … အဲ လက်ခလယ်ထောင်ပြတဲ့သူရှေ့လဲရောက်ရော…

ဘုရင်မလေးဟာ “ဟင်…” ဆိုပြီး တစ်ချက်ကြည့်လိုက်ပါသတဲ့။ သူမရဲ့မျက်နှာဟာ သိသိသာသာ ပြောင်းလဲသွားတယ်… ထိုသူကလဲ ဟုတ်ပြီဟ ဆိုပြီး သူထောင်ထာတဲ့ လက်ခလယ်ကို ရှင်းရှင်းလင်းလင်း မြင်အောင် ပြလိုက်ပါသတဲ့

“ခွပ်” ခနဲအသံကြားလိုက်ရတယ်… ခင်မျာ တစ်ချက်တည်းမှောက်သွားတယ်။ ဘုရင်မလက်သီး တယ်ပြင်းသကိုး… ပြစရာရှားလို့ လက်ခလယ်သွားပြတာကိုး။ ဒါနဲ့ ကျန်တဲ့ကောင်တွေလဲ ဘာပြရမှန်းမသိတာနဲ့ လက်ဝါးထောင်တဲ့ကောင်က ထောင်ပြ… ကို့ယို့ကားယားတွေဖြစ်ကုန်ပါလေရော…

အဲဒီချိန်မှာပဲ… ယောက်ျားပီသတဲ့ အသွင်ရှိတဲ့ စစ်သူကြီးတစ်ဦးဟာ သူမလိုပဲ ညာဘက် လက်သန်းလေးကိုထောင်ပြီး ဘုရင်မလေးရဲ့ လက်သန်းလေးနဲ့ လာပြီး လက်သန်းချင်း ချိတ်လိုက်ပါသတဲ့။ (Matrix ထဲကလို 3D နဲ့မြင်ကြည့်ပါလား တကယ့်ကို Romantic လေးဖြစ်သွာမယ်)

ဘုရင်မလေးဟာ အံ့သြ၀မ်းသာသွားတယ်။ သူမ အမှတ်မထင် ကြံစည်ထားတဲ့အတိုင်း သူမရဲ့စိတ်ကို နားလည်နိုင်မဲ့၊ သူမအတွက် အသင့်မြတ်ဆုံးသူဘဲလို့ တထစ်ချ ယုံကြည်လိုက်တယ်။

ဒီလိုနဲ့ယူလိုက်ကြတယ်ပေါ့ဗျာ… ထုံးစံအတိုင်း ချစ်ကြ၊ ကြည်နူးကြ၊ ကြင်နာကြပေါ့… တစ်နေ့သောမနက် အိပ်ယာနိုးတော့ စစ်သူကြီးလေးက ဘုရင်မလေးကို ပြောတယ်…

“ကောင်မလေးရေ မင်းငါ့မျက်လုံးတွေကို သေချာကြည့်စမ်းပါ… ငါ့မျက်လုံးထဲကတဆင့် ငါ့နှလုံးသားက မင်းကိုဘယ်လောက် မြတ်နိုးတယ်ဆိုတာ…”
“ဟင့်အင်း ကြည့်ချင်ပါဘူး မျက်ချေးတွေနဲ့”
“တိန်”

သူတိုဟာ စကားဝှက်တမ်းလဲ ကစားကြတယ်… ဘုရင်မလေးကမေးတယ်…

“နံရံပေါ်မှာ အိမ်မြှောင်နှစ်ကောင် ရှိတယ်။ သူတို့က ပိုးကောင်လေးတွေဖမ်းစားဖို့ ချောင်းနေကြတုန်း တစ်ကောင်က မထင်မှတ်ပဲ ပြုတ်ကြသွားတယ်။ အဲဒါကို ကျန်ခဲ့တဲ့ကောင်က ပြုတ်ကြသွားတဲ့ကောင်ကိုကြည့်ပြီး ခေါင်းတစ်ချက်ခါလိုက်တယ်.. စကားတစ်ခွန်းလှမ်းပြောလိုက်တယ်… အဲဒါဘာပြောလိုက်လဲသိလား..”

စစ်သူကြီးလေးဟာ တော်တော်မျှော်လင့်ချက်ကင်းမဲ့သွားသလို ခံစားလိုက်ရတယ်…
ဘုရင်မလေးဟာ စုတ်တစ်ချက်သတ်လိုက်တယ်… ပြီးတော့…

“စစ်သူကြီးဖြစ်ပြီး ဒါလေးတောင် မသိဘူးလား”
“အန်… စစ်သူကြီးနဲ့ အိမ်မြှောင်နဲ့ ဘာဆိုင်လို့လဲ”
“ဆိုင်တာပေါ့… စစ်တိုက်ရင် အိမ်မြှောင်မရှိဘဲ အရပ်မျက်နှာ ဘယ်သိမလဲ”
“တိန်”

“မသိရင်မှတ်ထား၊ အိမ်မြှောင်ဆိုတဲ့သတ္တ၀ါက ကျွတ် ကျွတ် ကျွတ် ကလွဲပြီး ဘာမှမပြောတတ်ဘူး၊ ကျွတ် ကျွတ် ကျွတ်”

ဘုရင်မလေးဟာ သူမ၏ ချစ်လှစွာသော စစ်သူကြီးလေးကို ပြုတ်ကြသွားတဲ့အိမ်မြှောင်တစ်ကောင်ကို ကျန်ခဲ့တဲ့အိမ်မြှောင်တစ်ကောင်က စုတ်သတ်ရင်းကြည့်တဲ့ အကြည့်မျိုးနဲ့ ကြည့်လိုက်ပါတော့တယ်…

♪ ♫ ♪
“ဆရာမ.. သမီးဗိုက်ထဲက အောင့် အောင့် နေတယ်…”
“ဟင်… ဒါဆိုရင် သမီးဗိုက်ကြီးလို့ပဲ ဖြစ်ရမယ်၊ OG နဲ့သွားပြလိုက်နော်”

အန်… ကောင်းခန်းရောက်ရင် ဒီကြေငြာတွေက ၀င်ပြီ။ ကဲကဲ နောက်နေ့မှ ဒုတိယပိုင်း ဆက်ရေးတော့မယ်။ လက်လဲညောင်းပြီ… အိပ်တော့မယ် :P

Saturday, August 19, 2006

ကြေမွသွားသော ဘဲဥတစ်လုံးအကြောင်း (ဗြ ဂ္ဃ)

... ဗျင်းဗျင်းဗျင်း ဗြိဗြိဗြိ...

ဟယ်တော့.. ဒီကောင်လေးနဲ့တော့ ဒုက္ခပါပဲ။ ခေါင်းကိုများ အားပါးတရ ကုတ်နေလိုက်တာ၊ ဆံပင်တွေကျွတ်ကုန်မှာများ မစိုးရိမ်ဘူးလားမသိပါဘူး။ တဗျင်းဗျင်းနဲ့ သူကုတ်နေတာကို တိတ်တိတ်လေး ခိုးကြည့်နေရတာကကို ရင်ခုန်ချင်စရာကောင်းနေပြီ။ မင်းဟာမင်းကုတ်တာ အကြောင်းမဟုတ်ပေမဲ့ တို့များရင်ထဲမှာ ယားကျိကျိဖြစ်နေပြီကွဲ့ သိရဲ့လား လူဆိုးလေးရေ။

ဒီကောင်လေး အလုပ်ထဲကို ရောက်လာတဲ့နေ့ကို မှတ်မိနေသေးတယ်။ ပထမဆုံးနေ့ဆိုတော့ ဘယ်သွားလို့ ဘာလုပ်ရမှန်း မသိ၊ ယောင်နနဖြစ်နေပုံလေးကိုတွေ့ပြီး တို့များရင်တွေ အရမ်းခုန်နေတာ။ အဲဒီကတည်းက အရမ်းချစ်သွားတာပဲ ကောင်လေးရေ။ တို့တွေ ကံကောင်းလိုက်ပုံများကတော့ ကောင်လေးထိုင်ရတဲ့ စားပွဲက ကိုယ့်စားပွဲ ရှေ့တည့်တည့်မှာတော့။ ဗေဒင်ကဟောထားတာတွေ မှန်နေပြီနဲ့တူပါတယ်။ ၀ါကျွတ်အမီ စုတ်ရော လာဘ်ရောဝင်ကိန်းရှိတယ်တဲ့။ အို.. လာဘ်မ၀င်ရင် နေပလေ့စေ၊ စုတ်ဝင်ရင်ပြီးရော။ အခုတော့ စုတ်ကြီး ကိုယ့်ရှေ့တည့်တည့်မှာ ရောက်နေပြီ၊ ဖြူဖြူဖွေးဖွေး ထောင်ထောင်မောင်းမောင်းနဲ့ စုတ်ကြီး။ ဒီအခွင့်အရေးမျိုးတော့ လက်လွတ်ခံလို့မဖြစ်ဘူး။ ကောင်လေးက အသစ်ဆိုတော့ အလုပ်ခွင်မှာ သူသိချင်တာလေးတွေ တို့ကိုများ မေးပါစေတော့ ဆိုပြီး ကူညီပါရစေ ကူညီပါရစေ ဒီဇိုင်းနဲ့ သူ့ရှေ့မှာ ခေါက်တုံ့ခေါက်ပြန် နှစ်ခေါက်သုံးခေါက် ဖြတ်လျောက်ပြစ်တာ၊ တို့ကို မျက်လုံးလေးတောင်လှန်မကြည့်ဘူး။ ရေခဲတုံးကြီး.. ရေခဲတုံးကြီးရေ.. လို့ ချောစုခင်လို အသံကုန်ပဲ အော်လိုက်ချင်တော့တယ်။

ယောက်ျားလေးသန့်သန့်တွေကိုမြင်ရင် ရင်ခုန်တတ်တာက တို့တွေရဲ့အကျင့်။ ဒါကိုတော့ အပြစ်မပြောကြပါနဲ့အေ။ အခုအသက်ကလေးရလာလေ အဲဒီအကျင့်က ပိုပိုဆိုးလာလေပဲ။ တို့အသက်လား.. အခုမှ ၁၇၊ ၁၈ပဲရှိသေးတာပါ။ အဲ ၁၇ နဲ့ ၁၈ ပေါင်းတော့ ၃၅ပေါ့နော်။ သူများတွေလည်း လျှောက်မပြောနဲ့ဦး။ အထူးသဖြင့် တို့ရဲအသည်းလေး မသိစေနဲ့။ ကောင်လေးရဲ့မွေးနေ့ကိုတော့ နည်းမျိုးစုံသုံးပြီး စုံစမ်းလိုက်တာ တို့သိသွားပြီ။ မွေးနေ့ကျရင် သူလေးပါးစပ်အဟောင်းသားနဲ့ အံ့သြသွားအောင်လုပ်ဖို့ အစီအစဉ်တွေ အားလုံးဆွဲပြီးသွားပြီ။ အဲဒီနေ့ကျ တွေ့မယ် လူဆိုးလေး။ တစ်ခါတည်းကို တဖြုတ်ဖြုတ် ကြွေကျသွားရမယ်။ တို့လည်းဒါမှ တစ်ကိုယ်တည်း ဘ၀က ကျွတ်ပြီး ဘုရားသွားကျောင်းတက် အတူတူ ပါရမီဖြည့်ရမှာ။ တို့ရဲ့အိပ်မက်တွေဟာ မဝေးတော့ပါဘူး။

အိပ်မက်ဆိုလို့ မနေ့ညကအိပ်မက်ထဲမှာ.. ဟင်းဟင်း.. မပြောပြတော့ပါဘူး။ လူဆိုးလေး.. အရမ်းဆိုးတာပဲ။ ဒီနေ့မနက်နိုးလာတော့ ကြည်နုးလိုက်တာ။ အလုပ်ထဲ ရောက်ရင် သူလေးနဲ့တွေ့မယ်။ ဒီနေ့တော့ အမှတ်တရဖြစ်အောင် အလှဆုံးပြင် ရှိသမျှထဲက အကောင်းဆုံးကိုဝတ်။ ကဲ.. အလုပ်သွားရမှာတောင် မအောင့်နိုင်တောဘူး။ နာရီတွေရယ်.. မြန်မြန်လည်ပါတော့။ ကောင်လေးအတွက် ပန်းစည်းလေးတစ်စည်း ၀ယ်သွားရင်ကောင်းမလား.. ။ မဟုတ်သေးပါဘူး.. ပန်းစည်းက မိန်းကလေးတွေ အတွက်ပဲဟာ။ အို.. အလုပ်ချိန်တောင်နီးနေပြီပဲ.. သွားတော့မှ။ အိမ်ကမထွက်ခင် နောက်ဆုံးအနေနဲ့ ကိုယ်လုံးပေါ်မှန်ရှေ့မှာ တစ်ပတ်လှည့်ပြီး ကြည့်လိုက်တာ တို့ကိုယ်တို့တောင် ရင်ခုန်သွားတယ်။ ကောင်လေးရယ် မင်းကကော ဘာသားနဲ့ထုထားတာမို့လဲ။ တော်တော်ကြာ မင်း တို့ကိုတွေ့မှ နှလုံးတွေ ပရမ်းပတာခုန်ပြီး အရေးပေါ်ရောက်သွားမှာတောင် စိုးရိမ်ရတယ်။ ဟုတ်ပြီ.. ဇီးယို..၊ ကောင်လေးအတွက် ဇီးယိုဝယ်သွားရမယ်.. ဇီးယိုစားမှ နှလုံးငြိမ်မှာပေါ့။

ဟယ်.. ကောင်လေးက ဒီနေ့အလုပ်ကို အစောကြီးရောက်နေပါလား။ တခြားသူတွေတောင် မရောက်သေးဘူး။ တို့ကတော့ ထားပါတော့ စိတ်ကလောနေလို့ စောစောရောက်တာ။ သူကရောဘာလို့ စောရောက်နေရတာလဲ။ တို့နှစ်ယောက် နှလုံးသားချင်း ဆက်သွယ်နေပြီဆိုတာ သေချာသွားပြီပေါ့။ ရာသီဥတုက တို့ဘက်ပါတုန်း လှုပ်ရှားမှ။ အခွင့်အရေးဆိုတာ တစ်လတစ်ခါမလာဘူး။ .. အင်း.. အခုမှ သေသေချာချာ သတိထားမိတယ်။ ကောင်လေးမျက်နှာလည်း မကောင်းပါလား။ သုန်သုန်မှုန်မှုန်နဲ့ ဘာတွေများ အလိုမကျဖြစ်နေပါလိမ့်။ သူ့စိတ်ကလေး ပျော်သွားအောင် တို့ဘာများလုပ်ပေး ရမလဲ...

တို့ကိုတို့ ပြန်သတိထားလိုက်မိတဲ့အချိန်မှာ တို့ဟာမရည်ရွယ်ပဲ သူ့စာပွဲရှေ့ ရောက်နေမိပြီ။ ကောင်လေးက စိတ်ရှုပ်တာ နဲ့ နားမလည်တာ နှစ်ခုရောထားတဲ့ မျက်နှာနဲ့ တို့ကိုမော့ကြည့်တယ်။
“ဟေ့ ယူ..” လို့ တို့ရဲ့အိပ်မက်ရှင်လေးကို အနူးညံ့ဆုံးခေါ်၊ လက်ထဲက ဇီးယိုထုပ်ကို ကမ်းပေးလိုက်ပြီး.. “.. ရော့..စိတ်ညစ်နေရင် ဒါလေးစားလိုက်ပါလား.. ”

“အာ.. ညကများသွားလို့ အရက်နာကျပြီး ခေါင်းနောက်နေရတဲ့အထဲ ဒီ အခြောက်က တစ်မှောင့်၊ အရေးထဲ ဇီးထုပ်လာရောင်းနေသေးတယ်..”

အိုး... ပြောရက်လိုက်တာ ယူ ရယ်.. သူများကို.. သူများကို...

အီးဟီးဟီး.. အဟင့် အဟင့်.. ရွှတ်.. ဖတ်..

Source : http://www.ainmat.com ကြေမွသွားသော ဘဲဥတစ်လုံးအကြောင်း (ဗြ ဂ္ဃ)

Thursday, August 17, 2006

တို့နိုင်ငံ


ရွှေပြည်သစ်ဆီ တို့လှမ်းချီလို့
နိုင်ငံတကာ ကမ္ဘာ့ရွာတွင်
နောက်မကျအောင် တို့စွမ်းဆောင်မည်
နောင်ထောင်စုနှစ် ရောက်ကာမှ...။ ။

(ရေးသူ = အမည်မသိ ခေတ်စာဆို)

Thursday, August 10, 2006

အိမ်သာအနုပညာ

ပေါက်ပေါက်ရှာရှာဗျာ.... အနုပညာပြပွဲမှာ အိမ်သာအနုပညာတဲ့...





ပြပွဲရဲ့ လမ်းမအလယ်မှာ ပွဲလာကြည့်တဲ့သူတွေ သုံးပြုဖို့တဲ့.. ဟီးဟီးဟီး ကျုပ်ဆိုရင်တော့ ရှုရှုးဘယ်လိုပေါက်ရမှန်း သိမှာမဟုတ်တော့ဘူး...

Source : http://www.yatblog.com/2006/08/08/swiss-public-toilet