Monday, August 28, 2006

ချစ်ခြင်း၏ တစ်စုံတစ်ရာ (ဒုတိယပိုင်း)


(ပထမပိုင်း မဖတ်ရသေးလျှင် ဤ Link တွင်ဖတ်ရှုနိုင်ပါသည်။)

ဒီလိုနဲ့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်၊ ချစ်ကြ၊ ကြည်နူးကြတဲ့ ရက်တွေထဲမှာ ကံက္မြာအကြောင်းက ဖန်လာပါတယ်… စစ်သူကြီးဟာ စစ်ထွက်ရတော့မယ်လေ… အလွန်အရေးကြီးတဲ့စစ်ပွဲ ဖြစ်တဲ့အပြင် အန္ဓရယ်ရှိတဲ့ စစ်ပွဲလဲ ဖြစ်လေတော့ ဘုရင်မလေးဟာ စစ်သူကြီးရဲ့ လက်ကို ဆုပ်ကိုင်ပြီး

“ရှင် ကျမဆီကို ပြန်လာခဲ့ပါမယ်လို့ ကတိပေးပါလားဟင်…”
“ကောင်မလေးရယ်… ငါ့ဘ၀မှာ မင်းတစ်ယောက်ထဲကိုပဲ ချစ်ခဲ့ဖူးပါတယ်လို့ ငါမပြောလိုပေမဲ့၊ ငါ့ဘ၀တစ်ခုလုံးရဲ့ အချစ်ဆုံးနဲ့ အမြတ်နိုးဆုံးလူဟာ မင်းတစ်ယောက်ထဲပဲ ဆိုတာကိုတော့ အကြွင်း မဲ့ယုံကြည်လိုက်စမ်းပါ။ ဘယ်လိုပဲဖြစ်ဖြစ် ငါမင်းဆီ အရောက်ပြန်ခဲ့မှာပါကွယ်…”

ဒီလိုနဲ့ စစ်ပွဲကြီး ပြီးဆုံးသွားတော့ စစ်သူကြီးဟာ ပြန်မလာနိုင်တော့ပါဘူး။ စစ်ပွဲမှာ ကျဆုံးသွားတယ် ဆိုတဲ့အကြောင်းသာ သတင်းရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဘုရင်မလေးဟာ ဒီအဖြစ်ကို လုံးဝ လက်မခံနိုင်ဘူးတဲ့လေ။ သူမယုံကြည်နေတာက စစ်သူကြီလေးဟာ တစ်နေ့တော့ သူမဆီပြန်လာမယ်ဆိုတာကိုပါပဲ။ ဒီလိုနဲ့ နှစ်လရာသီတွေ အလီလီပြောင်းပြီး အချိန်တွေသာ ကြာသွားတယ် သူမမျှော်လင့်နေတဲ့ စစ်သူကြီးလေးကတော့ ပေါ်မလာတော့ပါဘူး…

ဒါကြောင့် မူးမတ်ကြီးတို့ကလဲ သေသောသူ ကြာလျှင်မေ့ရမှာဘဲဆိုပြီး ဘုရင်မလေးကို ဒုတိယအကြိမ် အိမ်ထောင်ပြုဖို့ တိုက်တွန်းပါသတဲ့… အချိန်တွေကလဲ ကြာပြီဆိုတော့ ဘုရင်မလေးဟာ မငြင်းနိုင်တော့ဘဲ ကြင်ယာရွေးချယ်ပွဲကို လက်ခံလိုက်ရပါသတဲ့…

ရွေးချယ်မဲ့ အချိန်လဲရောက်ရော ခန်းမဆောင်အပြင်မှာ သူတောင်းစားကဲ့သို့ စုတ်ပြတ်နုံချာလှတဲ့ ယောက်ျားတစ်ယောက်ဟာ သူလဲပဲ အရွေးချယ်ခံချင်လိုကြောင်း တံခါမှူးကို ခွင့်တောင်းသတဲ့။ တခါးမှူးတို့ကလည်း သင်နှင့် အပ်စပ်သည့်နေရာ မဟုတ်ဟုဆိုကာ နှင်ထုတ်နေတာကို ဘုရင်မလေးကလဲ မြင်ရော

“သူလဲပဲ ယောက်ျားတစ်ယောက်ပေပဲ။ ခွင့်ပြုလိုက်ပါ”

ဒီတစ်ကြိမ်မှာလဲ ဘုရင်မလေးဟာ ပထမအကြိမ် ရွေးချယ်တုန်းကလိုပဲ လက်သန်းလေးထောင်ပြီး ရွေးချယ်ပြန်သတဲ့။ ဘုရင်မလေးဟာ ကြင်ယာတော်ရွေးဖို့ လက်သန်းလေးကို ထောင်လိုက်ချိန်မှာပဲ ထိုသူတောင်းစားလေးဟာ ရုတ်တရက် သူမလက်သန်းနဲ့ လက်သန်းချင်း လာချိတ်ပါသတဲ့။ (တယ်သွက်တဲ့ကောင်ပဲ၊ အဲဒါမျိုးကြတော့ ကျုပ်သူငယ်ချင်း တစ်ယောက်နဲ့ တူတယ်ဗျ။ Sorry ကွာ။ မင်းကိုသတိရမိလို့ ဟီး ဟီး)

သူမဟာ အတော် အံ့အား သင့်သွားတယ်။ တစ်ကိုယ်လုံး စုတ်ပြတ်သတ်နေပြီး ဂုန်နီအိတ်ကို အ၀တ်အဖြစ် စွပ်ထားကာ ညစ်ပတ်နံစော်နေတဲ့ သူတစ်ယောက်နဲ့ ဘုရင်မလေးတို့ အဖြစ်ဟာ ဘယ်လိုမှ Romantic မဖြစ်နိုင်ပဲ နှခေါင်းရှုံ့ချင်စရာသာ ဖြစ်ပါတော့တယ်…

ဘုရင်မလေးဟာ လုံးဝမထင်မှတ်ထားတဲ့အတွက် ရှက်လည်းရှက်၊ ဒေါသလဲထွက်မို့ ထိုသူရဲ့ ဂုန်နီအိပ် ခေါင်းစွပ် ကြီးကိုလဲ ချွတ်လိုက်ရော…

“အို… ရှင်… ရှင်…”
“ဟုတ်ပါတယ်… မင်းသိပ်ချစ်ရတဲ့ မင်းရဲ့စစ်သူကြီးလေးပါ…”

“ငါ့ကိုများ စွပ်စွပ် စွဲစွဲ။ မင်းတောင့်တလွန်းလို့ ငါကိုထင်ပြရတာကွ”

အဟီး… အိပ်ချင်ပြီ… တတိယပိုင်းက နောက်နေ့မှနော် :P
မကြာမှီ လာမည် မျှော်…………

3 comments:

N3 said...

ကိုရဲ .. နောက်နေ့ ဆိုပြီး ပေါ်မလာတော့ပါလား။ ဘာလဲ နောက်နေ့ ဆိုတာ နောက်တစ်ပတ် အလုပ်ပိတ်တဲ့ နေ့ လို့  ပြောချင်တာလားဗျ။ ခင်ဗျား ဗျာ လူတွေကို ဆန့် ငင် ဆန့် ငင်ဖြစ်အောင် ရေးတတ်ပါပေတယ်။ မြန်မြန်ရေးဗျို့ ။

seinmyoutmyout said...

ဟုတ်တယ်ဗျို့ ။ ဆန့်ငင် ဆန့် ငင်မလုပ
်နဲ့ လေဗျာ။ တူတိတ်ဆိုးတယ်။

myat said...

တတိယပိုင်း ရေးတော့ဘူးလား ။ နောက်နေ့ဆိုပြီး ညာသွားတယ်။