Saturday, July 22, 2006

အဲဒီညက


ကောင်မလေးရေ...
ပင်ပန်းစွာတကိုယ်တည်း လျှောက်လှမ်းနေတဲ့ ငါ့ခြေထောက်တွေကိုအနားပေးရင်း
ကမ္ဘာမြေကြီးကို ကြောပေးလျှက် ကောင်းကင်ကိုကြည့်နေမိတယ်...
ဩော်... ဒီညဟာ သာယာငြိမ်းချမ်းစွာ တည်ရှိနေပါလား...
အဲဒီအချိန်မှာဘဲ ကြည်လင်တဲ့မင်းပုံရိပ်ဟာ ကောင်းကင်မှာ တစတစ ထင်ရှားလာတယ်
အလို... ကြယ်တွေဟာ မင်းမျက်နှာပုံရိပ်ထဲ တိုးဝင်နေကြပါလား...

ကောင်မလေးရေ...
မင်းငါ့ကို ငုံကြည့်နေတယ်နော်…
တကယ့်ကို ချစ်စရာကောင်းပြီး မထင်မှတ်စွာ စွဲမက်ချင်စရာကောင်းတဲ့ မင်းရဲ့အပြုံးလေးပါလား …
ဟုတ်တာပေါ့… ငါအမြဲ စွဲလမ်းတမ်းတနေတဲ့ မင်းရဲ့နူးညံ့ချိုသာတဲ့ အပြုံးလေးပါပဲ…

ကောင်မလေးရေ...
မင်းငါ့ကို ပြောတယ်နော်… “ရှင့်မျက်လုံးတွေပိတ်လိုက်ပါ.. ရှင်အခုဘာမြင်နေရလဲပြော” တဲ့
အင်း… ငါ့မျက်လုံးတွေမှိတ်လိုက်ပြီ… ထူဆန်းတယ်ကွာ…
ငါ့အာရုဏ်ထဲမှာ လူနှစ်ယောက်မြင်နေရတယ်…
မင်းနဲ့ငါပေါ့ ကောင်မလေးရယ်….

ကောင်မလေးရေ...
ငါတို့နှစ်ယောက် ကမ်းခြေတလျှောက် လမ်းလျှောက်ကြတယ်ကွ
ရေတွေစိုနေတဲ့ ခြေထောက်တွေနဲ့ ပြေးလွှားစော့ကစားနေကြတာ သိပ်ကိုကြည်နူဖွယ်ကောင်းတာပဲ…
ဒီအချိန်မှာပဲ ကောင်းကင်ဟာ ပန်းရောင်သန်းလာတယ်
နေမင်းကြီးဟာ ရေထဲနစ်ဝင်သွားတယ်…

ကောင်မလေးရေ...
ဒီညကို သဲသောင်ပြင်မှာပဲ တို့ကုန်ဆုံးကြမယ်
မင်းလက်ကလေးကို ဆုပ်ကိုင်ထားတဲ့အချိန်မှာပဲ
မင်းကလွဲရင် အရာအားလုံးကိုစွန့်လွှတ်ဖို့
ငါဟာ မိုက်မဲစွာဆုံးဖြတ်ခဲ့တယ်…

ကောင်မလေးရေ...
ငါဒီအကြောင်းကို ပြောပြဖို့ မျက်လုံးတွေဖွင့်လိုက်စဉ်မှာပဲ
မင်းပုံရိပ်ဟာ အမှောင်ထုထဲကို တိုးဝင်ပျောက်ကွယ်သွားတယ်…
ကြယ်တစ်စဉ်း လှပစွာကြွေကြလာတာကို မှင်သက်စွာကြည့်မိရင်း
(အဲဒီညက)
ငါဆုတောင်းဖို့မေ့သွားတယ်။ ။

No comments: