Showing posts with label ၀တ္ထုတို. Show all posts
Showing posts with label ၀တ္ထုတို. Show all posts

Thursday, February 14, 2008

ချစ်ခြင်း၏ တစ်စုံတစ်ရာ (ဇတ်သိမ်းပိုင်း)

(တစ်နှစ်ကျော်ခန့် ကြာသော်လည်း ဇတ်သိမ်းပိုင်းကို မရေးဖြစ်ခဲ့တာကို တောင်းပန်အပ်ပါသည်။)

(ပထမပိုင်း မဖတ်ရသေးလျှင် ဤ Link တွင်ဖတ်ရှုနိုင်ပါသည်။)
(ဒုတိယပိုင်း မဖတ်ရသေးလျှင် ဤ Link တွင်ဖတ်ရှုနိုင်ပါသည်။)

ဒီိလိုနဲ့ သူမ ရာသီအလီလီစောင့်မျှော်တောင့်တခဲ့တဲ့ သူမရဲ့ချစ်သူ စစ်သူကြီးလေးဖြစ်နေတာကို အမှတ်မထင်တွေ့လိုက်ရပါတော့တယ်...
အဲ့ဒီတော့ သူတို့နှစ်ယောက်ပြန်ပေါင်းကြတာပေါ့.... နောက်တစ်နေ့မိုးမလင်းခင်မှာ စစ်သူကြီးဟာ အိပ်ရာမှစောစီးစွာထပြီး ဘုရင်မလေးအတွက် စာတစ်စောင်ကိုရေးတယ်...

ကောင်မလေးရေ.....
တစ်ကယ်တော့ငါဟာ စစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ သေလူတစ်ယောက်ပါ.... ငါသေသွားတော့ ငါ့ဝိဥာဉ်ဟာ သေလွန်ပြီး အခြားသောတစ်ဘဝကို ကူးပြောင်းဖို့ ယမမင်းဆီကို သွားခဲ့ရတယ်.... ငါဟာ ယမမင်းဆီကို ရောက်ပေမဲ့ မင်းကိုပေးခဲ့တဲ့ ဂတိသစ္စာကိုပဲ အောက်မေ့သတိရနေမိတယ်...

ဟုတ်တယ်... ငါမင်းဆိကိုတစ်နည်းနည်းနဲ့တော့ မရောက်ရောက်အောင်ပြန်လာရမယ်...
ကောင်မလေးရယ်... ငါ့ရင်ထဲမှာရှိတဲ့ မင်းကိုချစ်တဲ့ ချစ်ခြင်းမေတ္တာတွေဟာ မပြောင်းလဲတဲ့ သစ္စာတရားတွေနဲ့ ရှိနေတယ်ဆိုတာ မင်းကိုသက်သေပြချင်တယ်...

ဒါနဲ့ ငါယမမင်းဆီမှာ ခွင့်ပန်ခဲ့ပေမဲ့ ယမမင်းက ချက်ခြင်းခွင့်မပြုခဲ့ဘူး... လူတွေအများကြီးသတ်ခဲ့လို့ဆိုပြီး ....

ဒီမယ် မောင်မင်း... သင်ဟာ လူ့ပြည်မှာ ပြည်သူပြည်သားတွေရဲ့ ဘေးရန်ကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လူတွေအများကြီး သတ်ခဲ့တယ်။ ဥပဒေအရဆိုရင် ခွင်းလုံးကျွတ် လွှတ်ပေးနိုင်ပါတယ်...
သို့သော်... ဥပဒေက မြည်သို့ပင်ဆိုစေကာမူ ... ကျနုပ်တို့၏ အလွန်တင်းကြပ်သော သရေကြိုးစည်းမျင်းအရ... (သရေကြိုးဆိုမှတော့ ရှုံ့ချီနှပ်ချီ ကြိုက်တာလုပ်တော့မယ်.. အဟင့်... )

ဒီလိုနဲ့... အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၁၀)နှစ် အပြစ်ပေးခံရတယ်လေ... ထောင်ကလွတ်ရင်လဲ နောက်ဘဝကို ကူးရမှာဆိုတော့ သနားညှာတာတဲ့အနေနဲ့ လျှော့ရက်တစ်ရက်တောင်းပြီး ငါမင်းဆီကို ပြန်လာခဲ့တာပါ ကောင်မလေးရယ်...
ဒါပေမဲ့ ငါအခုမင်းနဲ့ ထာဝရခွဲရတော့မယ် ငါပြန်သွားရတော့မယ်...

ဒါပေမဲ့ ကောင်မလေးရယ်... ဘယ်လောက်ဝေးဝေး ဘယ်လောက်ကွာကွာ ဘယ်နေရာမှာပဲရှိရှိ မင်းကိုထာဝရချစ်မြတ်နိုးနေတဲ့ ယောကျာ်းတစ်ယောက် ရှိနေတယ်ဆိုတာကိုတော့ မင်းထာဝရ ဂုဏ်ယူနေနိုင်ပါတယ် ချစ်သူရယ်...
..........................................................
ဘုရင်မလေးဟာ အိပ်ရာနိုးတော့ အသက်မရှိတော့တဲ့ စစ်သူကြိးလေးရဲ့ရုပ်အလောင်းနဲ့ သူရေးခဲ့တဲ့ စာကိုသာတွေ့ရှိရပါတော့တယ်... သူုမဟာ ဒီတစ်ချိန်မှာတော့ မခံမရပ်နိုင်အောင် ဝမ်းနည်းပူဆွေး ရပါတော့တယ်...

စစ်သူကြီးရဲ့ ဈာပနကို စည်ကားစွာကျင်းပကြပါတယ်... ပျော်ရွှင်လို့မဟုတ်ပေမဲ့ ဂုဏ်ယူတဲ့အနေနဲ့ပေါ့လေ... ဘုရင်မလေးကတော့ မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ပေါ့။ ဈာပနကို လာရောက်ကြတဲ့ ပရိတ်သတ်များလည်း ပြန်သွားရော ပန်းမွေ့ရာပေါ် ထာဝရအိပ်ပျော်နေရှာတဲ့ စစ်သူကြီးရဲ့ ရုပ်အလောင်းဘေးမှာ ဘုရင်မလေးဟာ လဲလျောင်းလိုက်ပါတော့တယ်...

သူမမျက်ဝန်းမှာ မျက်ရည်စတွေဟာဆက်လက် ကျဆင်းလာပါတယ်...

တကယ်တော့ အချစ်ဆိုတဲ့ခံစားမှုဟာ ပျော်ရွှင်မှုကိုပေးသလို ပူလောင်ပြင်းရှတဲ့ ခံစားမှူကိုလဲ ဖြစ်စေတတ်ပါတယ်...

သူမဟာ မျက်ရည်တွေကြားက သူမမျက်ဝန်းတွေကို ညင်သာစွာ မှိတ်လိုက်ပါတယ်...
ဒီအချိန်မှာပဲ သူမရဲ့ လက်ထဲက အဆိပ်ပုလင်းလေးဟာ ကြမ်းပြင်ပေါ်ကို ပြုတ်ကျလာပါတော့တယ်...

ငါမင်းနဲ့သာ မဆုံဖြစ်ခဲ့ဘူးဆိုရင်
ငါဟာ မင်းကို စိတ်ဝင်စားခဲ့မှာ မဟုတ်ပါဘူး...
ငါ မင်းကို စိတ်မဝင်စားခဲ့ဘူးဆိုရင်
ငါဟာ မင်းကို ချစ်မိခဲ့မှာ မဟုတ်ပါဘူး...
ငါ မင်းကို မချစ်ခဲ့ရင်
ငါဟာ မင်းကို လွမ်းရလိမ့်မှာ မဟုတ်ပါဘူး...
ဒါပေမဲ့... ဒါပေမဲ့ ကောင်မလေးရယ်...
ငါ မင်းကို စိတ်ဝင်စားခဲ့တယ်
ငါ မင်းကို သိပ်ချစ်တယ်
ဒီတော့ ငါ... (ငါ) မင်းကို ထာဝရ လွမ်းနေရဦးမှာပါလေ...

(ပြီးပါပြီ)

Monday, August 28, 2006

ချစ်ခြင်း၏ တစ်စုံတစ်ရာ (ဒုတိယပိုင်း)


(ပထမပိုင်း မဖတ်ရသေးလျှင် ဤ Link တွင်ဖတ်ရှုနိုင်ပါသည်။)

ဒီလိုနဲ့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်၊ ချစ်ကြ၊ ကြည်နူးကြတဲ့ ရက်တွေထဲမှာ ကံက္မြာအကြောင်းက ဖန်လာပါတယ်… စစ်သူကြီးဟာ စစ်ထွက်ရတော့မယ်လေ… အလွန်အရေးကြီးတဲ့စစ်ပွဲ ဖြစ်တဲ့အပြင် အန္ဓရယ်ရှိတဲ့ စစ်ပွဲလဲ ဖြစ်လေတော့ ဘုရင်မလေးဟာ စစ်သူကြီးရဲ့ လက်ကို ဆုပ်ကိုင်ပြီး

“ရှင် ကျမဆီကို ပြန်လာခဲ့ပါမယ်လို့ ကတိပေးပါလားဟင်…”
“ကောင်မလေးရယ်… ငါ့ဘ၀မှာ မင်းတစ်ယောက်ထဲကိုပဲ ချစ်ခဲ့ဖူးပါတယ်လို့ ငါမပြောလိုပေမဲ့၊ ငါ့ဘ၀တစ်ခုလုံးရဲ့ အချစ်ဆုံးနဲ့ အမြတ်နိုးဆုံးလူဟာ မင်းတစ်ယောက်ထဲပဲ ဆိုတာကိုတော့ အကြွင်း မဲ့ယုံကြည်လိုက်စမ်းပါ။ ဘယ်လိုပဲဖြစ်ဖြစ် ငါမင်းဆီ အရောက်ပြန်ခဲ့မှာပါကွယ်…”

ဒီလိုနဲ့ စစ်ပွဲကြီး ပြီးဆုံးသွားတော့ စစ်သူကြီးဟာ ပြန်မလာနိုင်တော့ပါဘူး။ စစ်ပွဲမှာ ကျဆုံးသွားတယ် ဆိုတဲ့အကြောင်းသာ သတင်းရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဘုရင်မလေးဟာ ဒီအဖြစ်ကို လုံးဝ လက်မခံနိုင်ဘူးတဲ့လေ။ သူမယုံကြည်နေတာက စစ်သူကြီလေးဟာ တစ်နေ့တော့ သူမဆီပြန်လာမယ်ဆိုတာကိုပါပဲ။ ဒီလိုနဲ့ နှစ်လရာသီတွေ အလီလီပြောင်းပြီး အချိန်တွေသာ ကြာသွားတယ် သူမမျှော်လင့်နေတဲ့ စစ်သူကြီးလေးကတော့ ပေါ်မလာတော့ပါဘူး…

ဒါကြောင့် မူးမတ်ကြီးတို့ကလဲ သေသောသူ ကြာလျှင်မေ့ရမှာဘဲဆိုပြီး ဘုရင်မလေးကို ဒုတိယအကြိမ် အိမ်ထောင်ပြုဖို့ တိုက်တွန်းပါသတဲ့… အချိန်တွေကလဲ ကြာပြီဆိုတော့ ဘုရင်မလေးဟာ မငြင်းနိုင်တော့ဘဲ ကြင်ယာရွေးချယ်ပွဲကို လက်ခံလိုက်ရပါသတဲ့…

ရွေးချယ်မဲ့ အချိန်လဲရောက်ရော ခန်းမဆောင်အပြင်မှာ သူတောင်းစားကဲ့သို့ စုတ်ပြတ်နုံချာလှတဲ့ ယောက်ျားတစ်ယောက်ဟာ သူလဲပဲ အရွေးချယ်ခံချင်လိုကြောင်း တံခါမှူးကို ခွင့်တောင်းသတဲ့။ တခါးမှူးတို့ကလည်း သင်နှင့် အပ်စပ်သည့်နေရာ မဟုတ်ဟုဆိုကာ နှင်ထုတ်နေတာကို ဘုရင်မလေးကလဲ မြင်ရော

“သူလဲပဲ ယောက်ျားတစ်ယောက်ပေပဲ။ ခွင့်ပြုလိုက်ပါ”

ဒီတစ်ကြိမ်မှာလဲ ဘုရင်မလေးဟာ ပထမအကြိမ် ရွေးချယ်တုန်းကလိုပဲ လက်သန်းလေးထောင်ပြီး ရွေးချယ်ပြန်သတဲ့။ ဘုရင်မလေးဟာ ကြင်ယာတော်ရွေးဖို့ လက်သန်းလေးကို ထောင်လိုက်ချိန်မှာပဲ ထိုသူတောင်းစားလေးဟာ ရုတ်တရက် သူမလက်သန်းနဲ့ လက်သန်းချင်း လာချိတ်ပါသတဲ့။ (တယ်သွက်တဲ့ကောင်ပဲ၊ အဲဒါမျိုးကြတော့ ကျုပ်သူငယ်ချင်း တစ်ယောက်နဲ့ တူတယ်ဗျ။ Sorry ကွာ။ မင်းကိုသတိရမိလို့ ဟီး ဟီး)

သူမဟာ အတော် အံ့အား သင့်သွားတယ်။ တစ်ကိုယ်လုံး စုတ်ပြတ်သတ်နေပြီး ဂုန်နီအိတ်ကို အ၀တ်အဖြစ် စွပ်ထားကာ ညစ်ပတ်နံစော်နေတဲ့ သူတစ်ယောက်နဲ့ ဘုရင်မလေးတို့ အဖြစ်ဟာ ဘယ်လိုမှ Romantic မဖြစ်နိုင်ပဲ နှခေါင်းရှုံ့ချင်စရာသာ ဖြစ်ပါတော့တယ်…

ဘုရင်မလေးဟာ လုံးဝမထင်မှတ်ထားတဲ့အတွက် ရှက်လည်းရှက်၊ ဒေါသလဲထွက်မို့ ထိုသူရဲ့ ဂုန်နီအိပ် ခေါင်းစွပ် ကြီးကိုလဲ ချွတ်လိုက်ရော…

“အို… ရှင်… ရှင်…”
“ဟုတ်ပါတယ်… မင်းသိပ်ချစ်ရတဲ့ မင်းရဲ့စစ်သူကြီးလေးပါ…”

“ငါ့ကိုများ စွပ်စွပ် စွဲစွဲ။ မင်းတောင့်တလွန်းလို့ ငါကိုထင်ပြရတာကွ”

အဟီး… အိပ်ချင်ပြီ… တတိယပိုင်းက နောက်နေ့မှနော် :P
မကြာမှီ လာမည် မျှော်…………

Friday, August 25, 2006

ချစ်ခြင်း၏ တစ်စုံတစ်ရာ (ပထမပိုင်း)


ခင်ဗျားတို့ကို ကြိုပြောထားရဦးမယ်။ ဒီပုံပြင်ကို ဘယ်တော့မှ ကိုချစ်တဲ့သူကို မပြောပြမိစေနဲ့။ ကျုပ်သိသလောက် ပြောမိတဲ့သူတိုင်း အဖြစ်ဆိုးနဲ့ကြုံပြီး ကွဲရတတ်တယ်။ ဒါဆိုဘာလို့ရေးလဲလို့ မမေးနဲ့။ မရေးပဲမနေနိုင်တောလို့ဗျို့…..

သိပ်ချစ်ရတဲ့ကောင်မလေးရေ… ကိုမင်းကိုမပြောဘူးနော်။ ကိုယ့်ဟာကို ဖတ်မိရင်တော့ ကျုပ်ကရေးပဲရေးတာ၊ ပြောတာမဟုတ်တော့ အာပါတ်တော့ လွတ်မယ်ထင်တာပဲ.. ဟီး…

ပုံပြင်လေးက ဒီလိုဗျ.. အင်း… ပြုံပင်ဆိုတော့ ဟိုး… ရှေးရှေးတုန်းကနဲ့ပဲ စတာကောင်းပါတယ်…

ဟိုး… ရှေးရှေးတုန်းကပေါ့ဗျာ… (ကျွန်တော့ကောင်မလေးလို ဟီး…) သိပ်ကိုချောမောတဲ့ မိန်းကလေးတစ်ယောက်ဟာ တိုင်းပြည်ကြီးတစ်ခုမှာ ဘုရင်မအဖြစ် နန်းစံနေသတဲ့… မောင်တစ်ကျိတ် (၁၀ ယောက်) ပင်ရှိလင့်ကစား လင်ယောကျာ်းမရှိရင် မတင့်တယ်ဘူးဆိုတဲ့ ဆိုရိုးစကားကလဲ ရှိလေတော့ မူးကြီးမတ်ရာတွေက မအိုသေးတဲ့ အပျိုလေးဘုရင်မကို အိမ်ထောင်ဖက်ရွေးချယ်ဖို့ တိုက်တွန်းပါသတဲ့။

ဘုရင်မလေးကလဲ သူမနဲ့စိတ်သဘောထားတိုက်ဆိုင်ပြီး သူမချစ်မြတ်နိုးတဲ့သူကိုပဲ လက်ထပ်ချင်သတဲ့လေ။ ဒီလိုလူကိုရွေးဖို့ဆိုတာ မလွယ်လေတော့ သူမက အကြံတစ်ခု ထုတ်သတဲ့…

ကြင်ယာတော်ရွေးချယ်ပွဲနေ့မှာ မင်းညီမင်းသား၊ သူကြွယ်၊ စစ်သေနာပတိ အစရှိတဲ့သူတွေအားလုံး လာရောက် အရွေးခံကြတာပေါ့ဗျာ… ဘုရင်မ လုပ်စာထိုင်စားရမယ့်ကိစ္စပဲလေ။ ကိုယ့်ကို တင့်တောင့်တင့်တယ် ထားနိုင်မယ့် မိန်းမတစ်ယောက် ရဖို့ဆိုတာ ယောကျာ်းတစ်ယောက်အတွက် လွယ်တာမှ မဟုတ်တာပဲနော်။

ရွေးချယ်ရမယ့် အချိန်လဲရောက်ရော ဘုရင်မလေးဟာ တန်းစီရပ်နေတဲ့ ယောကျာ်းလူတန်းစားမျိုးစုံရှေ့မှာ ရပ်လိုက်ပါသတဲ့… ပြီးတော့ ကြိုတင်စဉ်းစားထားတဲ့အတိုင်း သူမရဲ့ ညာဘက်လက်သန်းလေးကို ထောင်ပြပိုက်ပြီး တစ်ဦးချင်းရှေ့ကနေဖြတ်လျောက်ပါလေရော…

အဲ…အဲဒီတော့ ဟိုလူတွေလဲ IQ တွေကွေးကုန်ကြတာပေါ့။ “ဘာလဲဟ ဘာလဲဟ… အာ.. ဘာပဲဖြစ်ဖြစ်ကွာ” ဆိုပြီး လက်မ ထောင်ပြတဲ့ကောင်ကပြ၊ လက်ညှိုး ထောင်ပြတဲ့ကောင်ကပြ၊ လက်သူကြွယ် ထောင်ပြတဲ့ကောင်ကပြနဲ့ … အဲ လက်ခလယ်ထောင်ပြတဲ့သူရှေ့လဲရောက်ရော…

ဘုရင်မလေးဟာ “ဟင်…” ဆိုပြီး တစ်ချက်ကြည့်လိုက်ပါသတဲ့။ သူမရဲ့မျက်နှာဟာ သိသိသာသာ ပြောင်းလဲသွားတယ်… ထိုသူကလဲ ဟုတ်ပြီဟ ဆိုပြီး သူထောင်ထာတဲ့ လက်ခလယ်ကို ရှင်းရှင်းလင်းလင်း မြင်အောင် ပြလိုက်ပါသတဲ့

“ခွပ်” ခနဲအသံကြားလိုက်ရတယ်… ခင်မျာ တစ်ချက်တည်းမှောက်သွားတယ်။ ဘုရင်မလက်သီး တယ်ပြင်းသကိုး… ပြစရာရှားလို့ လက်ခလယ်သွားပြတာကိုး။ ဒါနဲ့ ကျန်တဲ့ကောင်တွေလဲ ဘာပြရမှန်းမသိတာနဲ့ လက်ဝါးထောင်တဲ့ကောင်က ထောင်ပြ… ကို့ယို့ကားယားတွေဖြစ်ကုန်ပါလေရော…

အဲဒီချိန်မှာပဲ… ယောက်ျားပီသတဲ့ အသွင်ရှိတဲ့ စစ်သူကြီးတစ်ဦးဟာ သူမလိုပဲ ညာဘက် လက်သန်းလေးကိုထောင်ပြီး ဘုရင်မလေးရဲ့ လက်သန်းလေးနဲ့ လာပြီး လက်သန်းချင်း ချိတ်လိုက်ပါသတဲ့။ (Matrix ထဲကလို 3D နဲ့မြင်ကြည့်ပါလား တကယ့်ကို Romantic လေးဖြစ်သွာမယ်)

ဘုရင်မလေးဟာ အံ့သြ၀မ်းသာသွားတယ်။ သူမ အမှတ်မထင် ကြံစည်ထားတဲ့အတိုင်း သူမရဲ့စိတ်ကို နားလည်နိုင်မဲ့၊ သူမအတွက် အသင့်မြတ်ဆုံးသူဘဲလို့ တထစ်ချ ယုံကြည်လိုက်တယ်။

ဒီလိုနဲ့ယူလိုက်ကြတယ်ပေါ့ဗျာ… ထုံးစံအတိုင်း ချစ်ကြ၊ ကြည်နူးကြ၊ ကြင်နာကြပေါ့… တစ်နေ့သောမနက် အိပ်ယာနိုးတော့ စစ်သူကြီးလေးက ဘုရင်မလေးကို ပြောတယ်…

“ကောင်မလေးရေ မင်းငါ့မျက်လုံးတွေကို သေချာကြည့်စမ်းပါ… ငါ့မျက်လုံးထဲကတဆင့် ငါ့နှလုံးသားက မင်းကိုဘယ်လောက် မြတ်နိုးတယ်ဆိုတာ…”
“ဟင့်အင်း ကြည့်ချင်ပါဘူး မျက်ချေးတွေနဲ့”
“တိန်”

သူတိုဟာ စကားဝှက်တမ်းလဲ ကစားကြတယ်… ဘုရင်မလေးကမေးတယ်…

“နံရံပေါ်မှာ အိမ်မြှောင်နှစ်ကောင် ရှိတယ်။ သူတို့က ပိုးကောင်လေးတွေဖမ်းစားဖို့ ချောင်းနေကြတုန်း တစ်ကောင်က မထင်မှတ်ပဲ ပြုတ်ကြသွားတယ်။ အဲဒါကို ကျန်ခဲ့တဲ့ကောင်က ပြုတ်ကြသွားတဲ့ကောင်ကိုကြည့်ပြီး ခေါင်းတစ်ချက်ခါလိုက်တယ်.. စကားတစ်ခွန်းလှမ်းပြောလိုက်တယ်… အဲဒါဘာပြောလိုက်လဲသိလား..”

စစ်သူကြီးလေးဟာ တော်တော်မျှော်လင့်ချက်ကင်းမဲ့သွားသလို ခံစားလိုက်ရတယ်…
ဘုရင်မလေးဟာ စုတ်တစ်ချက်သတ်လိုက်တယ်… ပြီးတော့…

“စစ်သူကြီးဖြစ်ပြီး ဒါလေးတောင် မသိဘူးလား”
“အန်… စစ်သူကြီးနဲ့ အိမ်မြှောင်နဲ့ ဘာဆိုင်လို့လဲ”
“ဆိုင်တာပေါ့… စစ်တိုက်ရင် အိမ်မြှောင်မရှိဘဲ အရပ်မျက်နှာ ဘယ်သိမလဲ”
“တိန်”

“မသိရင်မှတ်ထား၊ အိမ်မြှောင်ဆိုတဲ့သတ္တ၀ါက ကျွတ် ကျွတ် ကျွတ် ကလွဲပြီး ဘာမှမပြောတတ်ဘူး၊ ကျွတ် ကျွတ် ကျွတ်”

ဘုရင်မလေးဟာ သူမ၏ ချစ်လှစွာသော စစ်သူကြီးလေးကို ပြုတ်ကြသွားတဲ့အိမ်မြှောင်တစ်ကောင်ကို ကျန်ခဲ့တဲ့အိမ်မြှောင်တစ်ကောင်က စုတ်သတ်ရင်းကြည့်တဲ့ အကြည့်မျိုးနဲ့ ကြည့်လိုက်ပါတော့တယ်…

♪ ♫ ♪
“ဆရာမ.. သမီးဗိုက်ထဲက အောင့် အောင့် နေတယ်…”
“ဟင်… ဒါဆိုရင် သမီးဗိုက်ကြီးလို့ပဲ ဖြစ်ရမယ်၊ OG နဲ့သွားပြလိုက်နော်”

အန်… ကောင်းခန်းရောက်ရင် ဒီကြေငြာတွေက ၀င်ပြီ။ ကဲကဲ နောက်နေ့မှ ဒုတိယပိုင်း ဆက်ရေးတော့မယ်။ လက်လဲညောင်းပြီ… အိပ်တော့မယ် :P

Saturday, August 19, 2006

ကြေမွသွားသော ဘဲဥတစ်လုံးအကြောင်း (ဗြ ဂ္ဃ)

... ဗျင်းဗျင်းဗျင်း ဗြိဗြိဗြိ...

ဟယ်တော့.. ဒီကောင်လေးနဲ့တော့ ဒုက္ခပါပဲ။ ခေါင်းကိုများ အားပါးတရ ကုတ်နေလိုက်တာ၊ ဆံပင်တွေကျွတ်ကုန်မှာများ မစိုးရိမ်ဘူးလားမသိပါဘူး။ တဗျင်းဗျင်းနဲ့ သူကုတ်နေတာကို တိတ်တိတ်လေး ခိုးကြည့်နေရတာကကို ရင်ခုန်ချင်စရာကောင်းနေပြီ။ မင်းဟာမင်းကုတ်တာ အကြောင်းမဟုတ်ပေမဲ့ တို့များရင်ထဲမှာ ယားကျိကျိဖြစ်နေပြီကွဲ့ သိရဲ့လား လူဆိုးလေးရေ။

ဒီကောင်လေး အလုပ်ထဲကို ရောက်လာတဲ့နေ့ကို မှတ်မိနေသေးတယ်။ ပထမဆုံးနေ့ဆိုတော့ ဘယ်သွားလို့ ဘာလုပ်ရမှန်း မသိ၊ ယောင်နနဖြစ်နေပုံလေးကိုတွေ့ပြီး တို့များရင်တွေ အရမ်းခုန်နေတာ။ အဲဒီကတည်းက အရမ်းချစ်သွားတာပဲ ကောင်လေးရေ။ တို့တွေ ကံကောင်းလိုက်ပုံများကတော့ ကောင်လေးထိုင်ရတဲ့ စားပွဲက ကိုယ့်စားပွဲ ရှေ့တည့်တည့်မှာတော့။ ဗေဒင်ကဟောထားတာတွေ မှန်နေပြီနဲ့တူပါတယ်။ ၀ါကျွတ်အမီ စုတ်ရော လာဘ်ရောဝင်ကိန်းရှိတယ်တဲ့။ အို.. လာဘ်မ၀င်ရင် နေပလေ့စေ၊ စုတ်ဝင်ရင်ပြီးရော။ အခုတော့ စုတ်ကြီး ကိုယ့်ရှေ့တည့်တည့်မှာ ရောက်နေပြီ၊ ဖြူဖြူဖွေးဖွေး ထောင်ထောင်မောင်းမောင်းနဲ့ စုတ်ကြီး။ ဒီအခွင့်အရေးမျိုးတော့ လက်လွတ်ခံလို့မဖြစ်ဘူး။ ကောင်လေးက အသစ်ဆိုတော့ အလုပ်ခွင်မှာ သူသိချင်တာလေးတွေ တို့ကိုများ မေးပါစေတော့ ဆိုပြီး ကူညီပါရစေ ကူညီပါရစေ ဒီဇိုင်းနဲ့ သူ့ရှေ့မှာ ခေါက်တုံ့ခေါက်ပြန် နှစ်ခေါက်သုံးခေါက် ဖြတ်လျောက်ပြစ်တာ၊ တို့ကို မျက်လုံးလေးတောင်လှန်မကြည့်ဘူး။ ရေခဲတုံးကြီး.. ရေခဲတုံးကြီးရေ.. လို့ ချောစုခင်လို အသံကုန်ပဲ အော်လိုက်ချင်တော့တယ်။

ယောက်ျားလေးသန့်သန့်တွေကိုမြင်ရင် ရင်ခုန်တတ်တာက တို့တွေရဲ့အကျင့်။ ဒါကိုတော့ အပြစ်မပြောကြပါနဲ့အေ။ အခုအသက်ကလေးရလာလေ အဲဒီအကျင့်က ပိုပိုဆိုးလာလေပဲ။ တို့အသက်လား.. အခုမှ ၁၇၊ ၁၈ပဲရှိသေးတာပါ။ အဲ ၁၇ နဲ့ ၁၈ ပေါင်းတော့ ၃၅ပေါ့နော်။ သူများတွေလည်း လျှောက်မပြောနဲ့ဦး။ အထူးသဖြင့် တို့ရဲအသည်းလေး မသိစေနဲ့။ ကောင်လေးရဲ့မွေးနေ့ကိုတော့ နည်းမျိုးစုံသုံးပြီး စုံစမ်းလိုက်တာ တို့သိသွားပြီ။ မွေးနေ့ကျရင် သူလေးပါးစပ်အဟောင်းသားနဲ့ အံ့သြသွားအောင်လုပ်ဖို့ အစီအစဉ်တွေ အားလုံးဆွဲပြီးသွားပြီ။ အဲဒီနေ့ကျ တွေ့မယ် လူဆိုးလေး။ တစ်ခါတည်းကို တဖြုတ်ဖြုတ် ကြွေကျသွားရမယ်။ တို့လည်းဒါမှ တစ်ကိုယ်တည်း ဘ၀က ကျွတ်ပြီး ဘုရားသွားကျောင်းတက် အတူတူ ပါရမီဖြည့်ရမှာ။ တို့ရဲ့အိပ်မက်တွေဟာ မဝေးတော့ပါဘူး။

အိပ်မက်ဆိုလို့ မနေ့ညကအိပ်မက်ထဲမှာ.. ဟင်းဟင်း.. မပြောပြတော့ပါဘူး။ လူဆိုးလေး.. အရမ်းဆိုးတာပဲ။ ဒီနေ့မနက်နိုးလာတော့ ကြည်နုးလိုက်တာ။ အလုပ်ထဲ ရောက်ရင် သူလေးနဲ့တွေ့မယ်။ ဒီနေ့တော့ အမှတ်တရဖြစ်အောင် အလှဆုံးပြင် ရှိသမျှထဲက အကောင်းဆုံးကိုဝတ်။ ကဲ.. အလုပ်သွားရမှာတောင် မအောင့်နိုင်တောဘူး။ နာရီတွေရယ်.. မြန်မြန်လည်ပါတော့။ ကောင်လေးအတွက် ပန်းစည်းလေးတစ်စည်း ၀ယ်သွားရင်ကောင်းမလား.. ။ မဟုတ်သေးပါဘူး.. ပန်းစည်းက မိန်းကလေးတွေ အတွက်ပဲဟာ။ အို.. အလုပ်ချိန်တောင်နီးနေပြီပဲ.. သွားတော့မှ။ အိမ်ကမထွက်ခင် နောက်ဆုံးအနေနဲ့ ကိုယ်လုံးပေါ်မှန်ရှေ့မှာ တစ်ပတ်လှည့်ပြီး ကြည့်လိုက်တာ တို့ကိုယ်တို့တောင် ရင်ခုန်သွားတယ်။ ကောင်လေးရယ် မင်းကကော ဘာသားနဲ့ထုထားတာမို့လဲ။ တော်တော်ကြာ မင်း တို့ကိုတွေ့မှ နှလုံးတွေ ပရမ်းပတာခုန်ပြီး အရေးပေါ်ရောက်သွားမှာတောင် စိုးရိမ်ရတယ်။ ဟုတ်ပြီ.. ဇီးယို..၊ ကောင်လေးအတွက် ဇီးယိုဝယ်သွားရမယ်.. ဇီးယိုစားမှ နှလုံးငြိမ်မှာပေါ့။

ဟယ်.. ကောင်လေးက ဒီနေ့အလုပ်ကို အစောကြီးရောက်နေပါလား။ တခြားသူတွေတောင် မရောက်သေးဘူး။ တို့ကတော့ ထားပါတော့ စိတ်ကလောနေလို့ စောစောရောက်တာ။ သူကရောဘာလို့ စောရောက်နေရတာလဲ။ တို့နှစ်ယောက် နှလုံးသားချင်း ဆက်သွယ်နေပြီဆိုတာ သေချာသွားပြီပေါ့။ ရာသီဥတုက တို့ဘက်ပါတုန်း လှုပ်ရှားမှ။ အခွင့်အရေးဆိုတာ တစ်လတစ်ခါမလာဘူး။ .. အင်း.. အခုမှ သေသေချာချာ သတိထားမိတယ်။ ကောင်လေးမျက်နှာလည်း မကောင်းပါလား။ သုန်သုန်မှုန်မှုန်နဲ့ ဘာတွေများ အလိုမကျဖြစ်နေပါလိမ့်။ သူ့စိတ်ကလေး ပျော်သွားအောင် တို့ဘာများလုပ်ပေး ရမလဲ...

တို့ကိုတို့ ပြန်သတိထားလိုက်မိတဲ့အချိန်မှာ တို့ဟာမရည်ရွယ်ပဲ သူ့စာပွဲရှေ့ ရောက်နေမိပြီ။ ကောင်လေးက စိတ်ရှုပ်တာ နဲ့ နားမလည်တာ နှစ်ခုရောထားတဲ့ မျက်နှာနဲ့ တို့ကိုမော့ကြည့်တယ်။
“ဟေ့ ယူ..” လို့ တို့ရဲ့အိပ်မက်ရှင်လေးကို အနူးညံ့ဆုံးခေါ်၊ လက်ထဲက ဇီးယိုထုပ်ကို ကမ်းပေးလိုက်ပြီး.. “.. ရော့..စိတ်ညစ်နေရင် ဒါလေးစားလိုက်ပါလား.. ”

“အာ.. ညကများသွားလို့ အရက်နာကျပြီး ခေါင်းနောက်နေရတဲ့အထဲ ဒီ အခြောက်က တစ်မှောင့်၊ အရေးထဲ ဇီးထုပ်လာရောင်းနေသေးတယ်..”

အိုး... ပြောရက်လိုက်တာ ယူ ရယ်.. သူများကို.. သူများကို...

အီးဟီးဟီး.. အဟင့် အဟင့်.. ရွှတ်.. ဖတ်..

Source : http://www.ainmat.com ကြေမွသွားသော ဘဲဥတစ်လုံးအကြောင်း (ဗြ ဂ္ဃ)

Thursday, July 27, 2006

ကလေးတစ်ယောက်၏ တောင့်တခြင်း

ခင်ဗျားတို့ကို အဖြစ်အပျက်တစ်ခု ပြောပြမယ်… အဖြစ်အပျက်လို့ ဘာကြောင့်သုံးလဲဆိုရင် ပုံပြင်တစ်ခုမဟုတ်လို့ပါ.. ဒီအကြောင်းကိုသိလိုက်ရတော့ စိတ်မကောင်းဖြစ်မိတယ်…

တခါက လူတစ်ယောက်မှာ ငါးနှစ်အရွယ် သားလေးတစ်ယောက်ရှိတယ်… တစ်နေ့သူရုံးကနေ ပင်ပန်းနွမ်းနယ်စွာ အိမ်ပြန်တော့ အိမ်ပြန်နောက်ကျတဲ့သူ့ကို တခါးဝမှာမျှော်နေတဲ့ သားလေးကို တွေလိုက်ပါတယ်…

“ဖေဖေ သားတစ်ခုလောက် မေးချင်တယ်”
“မေးလေ… သား ဘာဖြစ်လို့လဲ..”
“ဖေဖေ အလုပ်လုပ်တာ တစ်နာရီ ဘယ်လောက်ရလဲဟင်”
“ဒါ သားနဲ့ ဘာဆိုင်လို့လဲ.. ဘာလို့သားက သိချင်ရတာလဲ”
“သိချင်လို့ပါ ဖေဖေရ၊ သားကိုပြောပြပါနော်”
“ဟုတ်ပါပြီဗျာ… အင်း.. တစ်နာရီကို… $10 လောက် ရတယ်သားရဲ့”

“ဟင်…” လို့ပြောပြီး သားလေးဟာ ခေါင်းငိုက်စိုက်ကြသွားတယ်…

ခဏအကြာမှာ သူ့အဖေကို ခေါင်းလေးမော့ပြီး
“ဖေဖေ… ဒါဆို သားကို $5 လောက်ပေးပါလားဟင်..”

သူ့အဖေဟာ အတန်ငယ် ဒေါသထွက်သွားတယ်…
“ဩ… ဘာမဟုတ်တဲ့ အရုပ်တစ်ခုလိုချင်တာနဲ့ မင်းက ဒီစကားမျိုးတွေတောင် မေးတတ်နေပြီပေါ့လေ… ဖအေကတော့ ပိုက်ဆံရှာရတာ သေတော့မယ်၊ တောက်… သွားစမ်းကွာ… ခုချက်ချင်း အခန်းထဲဝင်၊ အိပ်တော့..”

ဒါနဲ့ပဲ ကလေးငယ်ဟာ အခန်းထဲပြေးဝင်ပြီး တခါးကို ပိတ်လိုက်ပါတယ်…
သူ့အဖေဟာလဲ ဘာ့ကြောင့် သားငယ်ဟာ ဒီလိုမေးရတာလဲဆိုပြီး စဉ်းစားကြည့်တယ်….
“အင်းလေ… သူတကယ့်ကို တစ်ခုခု ၀ယ်ချင်လို့နေမှာပါ… ဒီလို တစ်ခါမှ မတောင်းဖူး ပါဘူး…”

ဒါနဲ့ သားငယ်ရဲ့ အခန်းရှေ့ရပ်ပြီး တခါးကို အသာဖွင့်လျှက်…
“သားလေး အိပ်ပြီလားကွ”
“ဟင့်အင်း ဖေဖေ… သားအိပ်မပျော်သေးပါဘူး”
“သားကို ဖေဖေ ခုဏက ဆူလိုက်တာ သားလေးစိတ်မကောင်း ဖြစ်သွားလား၊ ရော့.. ဒါသားလိုချင်တဲ့ ငွေ”
“ကျေးဇူးတင်ပါတယ် ဖေဖေ…” သားငယ်ရဲ့အသံဟာ ငိုသံအနည်းငယ်နဲ့ တုန်ရင်နေပါတယ်…

ကလေးငယ်ဟာ သူ့အဖေဆီက ငွေကိုယူပြီး ခေါင်းဦးအောက်မှာ သူစုထားတဲ့ ငွေတွေကိုပါ ယူလိုက်ပါတယ်…
ဒါကိုမြင်လိုက်တဲ့ ဖခင်ဟာ အနည်းငယ် ဒေါသပြန်ဖြစ်လာပြီး
“မင်းမှာ ပိုက်ဆံရှိရဲ့သားနဲ့ ဘာလို့ထပ်တောင်းရတာလဲကွ”
“သားမှာရှိတာနဲ့ မလောက်လို့ပါ… ခုတော့လောက်သွားပြီ…”
သားငယ်ဟာ ဖခင်ကိုသေချာကြည့်ပြီး… “ဖေဖေ… ဖေဖေ့ရဲ့အလုပ်ချိန်ထဲက တစ်နာရီလောက် သားကိုရောင်းပါလားဟင်… မနက်ဖြန်ကြရင် စောစောပြန်ခဲ့ပါလားဟင်… ဖေဖေနဲ့ ထမင်းလက်စုံစားချင်လို့ပါ ဖေဖေရယ်…”

ကျွန်တော်တို့ ခုအရွယ်ဆိုတာ အရင်တုံးက ကလေးဘ၀က စခဲ့တာပါ… ကလေးဘ၀ရော ခုလူကြီးဘ၀မှာပါ ထာဝရလေးစား ချစ်ခင်တဲ့သူကတော့ မိဘဆိုတာပါပဲ… တခါတရံ မိဘတွေက သားသမီးကို ချစ်တယ်ဆိုပေမဲ့ သားသမီးဘာလိုချင်တယ်ဆိုတာ သတိမထားမိ ဖြစ်တတ်ပါတယ်…

ဒီစာရိုက်နေရင်းက ကျွန်တော့်မျက်ဝန်းတွေ စိုစွပ်လာတယ်…
ကျွန်တော် ဖေဖေနဲ့ မေမေ့ကို သိပ်လွမ်းတယ်…

Sunday, July 16, 2006

မြန်မာ Blog ရေးသူများ


ကျွန်တော် Blog ရေးတာ သိပ်မကြာလှသေးပါ.. တစ်ယောက်တည်းနေရတာ အလွန်ပျင်းရိဖွယ် ကောင်းလှပါတယ်.. တစ်စုံတရာသော ခံစားချက် အကြောင်းအရာကို တစ်စုံတစ်ယောက်ကို ရင်ဖွင့်လိုခြင်းသည် တကိုယ်တည်းနေထိုင်လေ့မရှိသည့် လူတို့၏ သဘာဝပင် ဖြစ်ပါသည်။ ထို့ကြောင့် စာရေးဖြစ်ပါသည်။ မြန်မာစာ စာလုံးပေါင်း မကျွမ်းကျင်သည့် အပြင် စာရိုက်လည်း မကျွမ်းကျင်သော ကျုပ်အဖို့ Blog ရေးသောအလုပ်သည် အမှန်တကယ် ပင်ပန်းပါသည်။ မှားတာသိပါသည်။ မှန်တာမသိ၍ ဆက်လက်မှားပေဦးမည်။ ခွင့်လွှတ်ရန်မလိုပါ။ အသိပေးခြင်းဖြစ်ပါသည်။ စာရေးဆရာ မဟုတ်ပါ။ ရေးချင်တာရေးခြင်း ဖြစ်ပါသည်။ မတိုက်ဆိုင်အောင်ရေးပါမည်။ တိုက်ဆိုင်မှု ရှိကောင်းရှိနိုင်ပါသည်။

Blog ဖတ်ခြင်းသည် ဗဟုသုတကို တိုးစေပါသည်။ ဖတ်ဖူးသမျှ မြန်မာ Blog များထဲတွင် စာရေးကောင်သူ Blogger တစ်ဦးနှင့် မိတ်ဆက်ပေးလိုပါသည်။ ညီလင်းဆက် ဟု သိရပါသည်။ ကောင်းသည်ဟု သတ်မှတ်ခြင်းသည် ကျွန်ုပ်၏ ကိုယ်ပိုင် စိတ်တိုင်းကျမှု ဖြစ်ပါသည်။ သင်၏ စိတ်ခံစားမှုသည်လည်း အမျိုးမျိုးဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ထိုသူ၏ Blog Site ထဲတွင် အခြား မြန်မာ Blog ရေးသူများကို သွားရောက် ဖက်ရှုနိုင်ပါသည်။

Link ကို Click လုပ်ဖြင်းဖြင့် ညီလင်းဆက်၏ Blog ကို သွားရောက် ဖက်ရှုနိုင်ပါသည်။

Sunday, July 02, 2006

သူတို့ပြောသော သူတို့အမြင် (သို့) ကျွန်တော့အကြောင်း


လူတစ်ယောက်နဲ့တစ်ယောက်ဆိုတာတော့ အမြင်ချင်း မတူကြဘူးပေါ့.. တစ်ယောက်က အကောင်းမြင်ပေမယ့် အခြားတစ်ယောက်အမြင်မှာ ကောင်းတယ်လို့ ထင်ချင်မှထင်မှာ.. ကိုက ကောင်းရာကောင်းကြောင်း လုပ်သည့်တိုင်အောင် တဘက်လူက အမြင်စောင်းချင်စောင်းမှာပေါ့… ဒါကတော့လူ့သဘာဝပဲ. လူ့ပတ်ဝန်းကျင်မှာ လူဖြစ်လာမှတော့ လူတွေရဲ့ ကဲ့ရဲ့ခြင်း သို့မဟုတ် ချီးကျူးခြင်းကို ခံရမှာပဲ…….

ကဲ.. ခုပဲကြည့်… ကိုယ့်ဟာကို အချစ်အကြောင်းလေးခံစားသမျှ ရေးမိတာနဲ့ “မင်းက တိတ်တိတ်လေး ရည်းစားထားချင်တော့ ငါတို့ဆီ လာတောင် မလာနိုင်ဘူးပေါ့လေ” ဆိုပြီး မရောက်တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်စုက ဆွန်းကြီးလောင်းကြလေရဲ့… သတိရလို့ပြောရဦးမယ်… အဲဒီထဲက သူငယ်ချင်း တစ်ယောက်က ပြောတယ်.. “ကိုရဲက တော်တော် အကောင်းမြင်တတ်တယ်… ကိုယ့်ကိုယ်ကို..” တဲ့.. ထားပါတော့ သူ့အမြငိ သူ့အထင်ပဲ….

ခင်မင်ရင်းနှီးသူတိုင်းကို ခဏခဏစနောက်လွန်းလို့ သူငယ်ချင်းမိန်းကလေးတစ်ယောက်က “နင်ဟာလေ အလျားမရှိ အနံမရှိ သေမဲ့ကောင်” လို့ ကြိမ်ဆဲတာ မကြာခဏခံရတယ်.. အလျားမရှိ အနံမရှိ ဘယ်လို သေမှာတုန်းဟ…

ဟိုတနေ့ကပဲ သူငယ်ချင်းက ကိုရဲဖြစ်လိုက် ကိုမောင်ဖြစ်လိုက် Mr. Lonely ဖြစ်လိုက်နဲ့ nick name သိပ်များတာဘဲဟု မှတ်ချက်ပြုပြန်သကော.. ဒီကိစ္စက ဒီလိုရှိပါ၏။ ကိုရဲဆိုတာက ရန်ကုန်မှာတုန်းက သိပ်မခေါ်ကြပါဘူး… ဟိုမှာကလဲ ကိုရဲသိပ်များသကိုး… အမြည်ရင်းလောက်ပဲခေါ်ကြတာ.. ဒီကျမှ ဒီကသတ္တ၀ါတွေက ခေါ်ရခက်တယ်ဆိုလို့ English Name တော့မလိုချင်တာနဲ့ ကိုရဲဖြစ်သွားတာ.. (Mr. Ye` ပေါ့) ကိုမောင်ဆိုတာကကောတဲ့… အင်း.. ရှင်းရမှာ နဲနဲရှည်တယ်… အတိုချုံးဆိုရရင်.. ကျုပ်က ရခိုင်မျိုးနဲနဲစပ်တယ်(ရခိုင်စကားလုံးဝလုံးဝနားမလည်ပါ) ရခိုင်တွေက သားအကြီးကို မောင်မောင်လို့ ခေါ်တယ်၊ ငယ်သူတွေက ခေါ်ရင်း ကိုမောင်ဖြစ်သွားတယ်ဆိုပါတော့… တစ်ခါတစ်ခါ အလှူတွေဘာတွေလုပ်ရင် သိပ်ရယ်ရတာ.. “မောင်မောင်ရေ” လို့ခေါ်ရင် “ဗျာ” ဆိုတဲ့သံပြိုင်ထူးသံကြီးကထွက်လာရော.. ဓလေ့ဆိုတော့လဲ..

ကျုပ် Consultant နဲ့ ခင်တဲ့သူအချို့ကလည်း မောင်မောင်လို့ခေါ်ကြလေရဲ့ … Mr. Lonely ဆိုတာက AKON ရဲ့ Mr.LONELY သီချင်းနားထောင်ပြီး အနည်းငယ် Lonely ဖြစ်တာချင်းတူတာနဲ့ Gmail ရဲ့ Nick ကိုပြင်လိုက်တာပါ။ ဘာရယ်လို့မဟုတ်ပါဘူး… သူပြောနေကြစကားနဲ့ဆို Nothing Special ပေါ့ (ဟီး.. သတိရသွားလို့)

စံဇာဏီဘိုကတော့ ဤသို့မှတ်ချက်ပြု၏။ “ သိမ်မွေ့သောဟန်နှင့် တဇွတ်ထိုး လုပ်တတ်သော အသွင်အပြင် နှစ်မျိုးလုံးကို ပေါင်းစည်းထားသည်။ ပတ်ဝန်းကျင်ကို လွမ်းမိုးနိုင်သော သဘာဝစရိုက်ရှိ၏။ ဖိုသီဖတ်သီ နေတတ်သည်။ စကားပြောသောအခါများတွင် အငြင်းသန်ပြီး ကတ်သီးကတ်ဖဲ့ ပြောခြင်းပြုတတ်သည်။ သပါးသူနှင့်မတူသော ရှူ့ထောင့်မှ တွေးတတ်ပြောတတ်သည်။ ခေါင်းမာအရွဲ့တိုက်၍ လောကကြီးကို သရော်သောအသွင် အမြဲပေါ်နေတတ်သည်။ အတွင်းစိတ်နှလုံး အလွန်သိမ်မွေ့သည်။ ခံစားချက် ပြင်းထန်သည်။ အားနည်းသည့်ဘက်မှ ရပ်တည်သည်။ မှန်သည့်ဘက်မှ တိုက်ပွဲဝင်ရန် အမြဲတစေ အဆင်သင့်ဖြစ်နေတတ်သည်။ အေးချမ်းသိမ်မွေ့သော စိတ်ဓတ်နှင့် ရဲရင့်ပေးဆပ်သော နှလုံးသား၊ ကိုယ်ကျိုးစွန့် ဆောင်ရွက်တတ်သည့် စရိုက်၊ လွပ်လပ်မှုမြတ်နိုးသည့် သဘာဝများ ပိုင်ဆိုင်ထားသည်။ အခက်အခဲကြားမှ ရုန်းထွက်နိုင်သည့် စိတ်ဓတ်ရှိ၍ အနှောင့်အယှက် အတိုက်အခံများနှင့် ကြုံတွေ့လေ အရည်အသွေး ထက်မြက်လေ ဖြစ်သည် ”

ခင်ဗျား အမြင်ကလဲ တစ်မျိုးဖြစ်မှာပါ.. ဒီလိုပါပဲ.. တစ်ယောက်တစ်မျိုးစီ မြင်တော့.. တစ်ယောက်တစ်မျိုးစီ ပြောကြတာ ပေါ့…