Showing posts with label Downloads. Show all posts
Showing posts with label Downloads. Show all posts
Tuesday, August 28, 2007
Singapore Salary Guide 2007
Kelly Services က နှစ်စဉ် ထုတ်ဝေနေကြ Singapore Salary Guide ပါ။ မိမိရာထူး (တာဝန်) နှင့် လုပ်သက် ပေါ်မူတည်ပြီး ရနိုင်တဲ့ လစာကို ဖော်ပြပေးထားပါတယ်။
ရန်ကုန်က သူငယ်ချင်းတစ်ယောက်က မေးတယ်... ငါဒီမှာ လုပ်သက် ၆ နှစ် (Computer/Network Administrator for a CyberCafe) ရှိတယ်တဲ့။ ဘယ်လောက်ရနိုင်လဲတဲ့... သြော်... အဲ... အင်း... ရမှာပါ... :)
Download Singapore Salary Guide 2007
Update:
Download Singapore Salary Guide 2008

Monday, June 11, 2007
Windows Vista တင်ပြီးမှ XP ကို Dual Boot တင်ခြင်း

Windows Vista တင်ပြီးမှ ဟိုဟာတင်မရ ဒီဟာတင်မရနဲ့ ဒုတ္ခရောက်နေသူတွေအတွက်ပါ။ ကျုပ်လဲ ဒုတ္ခရောက်သွားတယ်လေ...
Sony Handycam လေးဝယ်ပြီး honeymoon သွားတုန်းက ရိုက်ထားတာ၊ notebook ထဲကူးမယ်လုပ်ရော Driver က install လုပ်မရတော့ဘူး။
Vista ကိုလဲ XP နဲ့ Downgrade မလုပ်ချင်ဘူးလေ။ အဲဒီတော့ ....
၁။ Vista တင်ကတည်းက Hard Disk ကို Partition ၂ ခြမ်းခွဲထားတယ်။ မခွဲရသေးရင် Vista ရဲ့ Disk Manager မှာ Shrink လုပ်လို့ရတယ်။
၂။ Windows XP CD နဲ့ boot လုပ်ပြီး XP ကို New Partition မှာ တင်ရပါမယ်။
၃။ Windows XP installation ပြီးသွားရင် Vista ကိုပြန်ပြီး Active ဖြစ်အောင်လုပ်ရပါမယ်။
၎။ XP တင်လိုက်ခြင်းကြောင့် Vista ရဲ့ Boot Loader Record တွေပျက်ကုန်တာကို အရင် Repair လုပ်ပေးရပါမယ်။ Vista DVD ကို ထည့်ပြီး Windows ကို Restart လုပ်ပါ။ ပြီးရင် Boot from CD ဆိုပြီး Vista CD နဲ့ Setup ကို Run ရပါမယ်။
၅။ Setup run လာရင် "Install Now" ကို Click ပါ။
၆။ ပြီးရင် "Repair your computer" ကို Click ပါ။
ရ။ System Recovery Options screen ပေါ်လာပါလိမ့်မယ်။ Startup Repair ကို Click ပါ။
၈။ ဒါဆိုရင် သင့် Computer ဟာ Vista နဲ့ Boot ပြန်တက်လာပါလိမ့်မယ်။
၉။ Dual Boot ကို Computer Setup မှာ Boot Menu အလွယ်တကူ ပေါ်လာစေဖို့ ဒီ EasyBCD Software လေးကို Windows Vista မှာ Install လုပ်ရပါမယ်။
၁၀။ EasyBCD ကို Install လုပ်ပြီး Run ပါ။
၁၁။ Add/remove Entries ကို Click ပါ။ ပြီးရင် XP Install လုပ်ထားတဲ့ Drive နဲ့ Version ကို "Windows NT/2k/XP/2k3" ဆိုပြီးရွေးပါ။ Add Entry ကို Click ပါ။ Save ကို Click ပါ။
၁၂။ ဒါပါပဲ။ ခုဆိုရင် သင့် Computer ဟာ XP နဲ့ Vista ကို Dual boot Run နိုင်ပါပြီ။
Wednesday, April 11, 2007
အကြိုက်ဆုံး Window Vista ကို Support လုပ်တဲ့ Free Sofwares
ကျနော် အကြိုက်ဆုံး Window Vista ကို Support လုပ်တဲ့ Free Sofware လေးတွေပါ။ Software တွေကို ၀ယ်သုံးဘို့ဆိုတာကတော့ .... ဟီး Money က... :P
(ကိုယ်ကိုတိုင်က Programmer ဆိုတော့လဲ သူများရောင်းဘို့ လုပ်ထားတဲ့ Application တွေကို (တတ်နိုင်သလောက်) ခိုးမသုံးချင်ဘူးလေ... ၀တ်လည်မှာ သေချာကာကိုး... )
1. WordWeb Dictionary (Desktop Dictionary)
2. Virtual Clone Drive (Virtual CD/DVD Drive, ISO format support)
3. Free Easy Burner (CD/DVD Burning Software)
4. FileZilla (FTP file upload tools)
5. Free Download Manager (Faster File Download, Stop-Resume Support)
6. Picasa (Photo management application)

Thursday, March 29, 2007
Folder Option ကို ဖျောက်ပြစ်တတ်တဲ့ Flashy Virus
အရင်လက ရန်ကုန်ပြန်သွားတော့ ညီဖြစ်သူက ပြောတယ်..
သူတို့ကျောင်းက Computer တွေမှာ Folder Option မရှိတော့ဘူးတဲ့။ ရှိရှိသမျှ Anti-Virus တွေရော Ad-Ware တွေရော သုံးပြီး ရှာတာ နောက်ဆုံးတော့ ကတုံး(Format)ပဲ တုံးလိုက်ရတယ်တဲ့။
အဲဒီ Virus ကတော့ Flashy ပါပဲ။ အဲဒီ Flashy Virus ရှိတဲ့ PC ကို USB Flash Drive လေးထည့်လိုက်တာနဲ့ သူဟာ USB Drive ထဲကို ၀င်ပြီး ရှိပြီးသား Folder Name တွေနဲ့တူတဲ့ Virus file လေးတွေ ပွားပေးပါတော့တယ်။ ရှိပြီးသား Folder တွေကိုတော့ Hidden File လုပ်လိုက်ပြီး Folder Option Menu ကိုပါ ဖျောက်ပြစ်လိုက်ပါတယ်။ Windows Task Manager မှာကြည့်ရင် Flashy.exe Run နေတာကိုတွေ့ရမှာဖြစ်ပြီး သူ့ကို End Task လုပ်ရုံနဲ့ သေမသွားပါဘူး။
သူ့ကို အသေသတ်နိုင်တဲ့ Flashy Fix ကို NOD32 က Release လုပ်ပေးထားပါတယ်။
ဒီမှာ Download ရယူနိုင်ပါတယ်။

Wednesday, February 21, 2007
Window Vista Ready ZawGyi Myanmar Unicode Keyboard Layout
Vista install လုပ်ပီးကတည်းက ZawGyi Keyboard ကို Install လုပ်လို့မရတော့ ညစ်နေတာ...
ခုတော့ အဆင်ပြေသွားပီ... Vista User တွေအားလုံးလဲ အဆင်ပြေရအောင် Upload လုပ်ပေးလိုက် ပါမယ်..
ခုလုပ်ပေးထားတဲ့ Installer မှာ Win386 (32bit) အပြင် 64 bit Window XP, 64 bit Vista ပါ အသုံးပြုလို့ ရပါတယ်။
Setup.exe ကို Run ပြီး Install လုပ်နိုင်ပါတယ်။
*Update : Windows 7 မှာလဲ Install လုပ်လို့ရပါတယ်။
Download Window Vista Ready ZawGyi Myanmar Unicode Keyboard Layout (254 KB)
Subscribe to:
Posts (Atom)