Showing posts with label Windows Vista. Show all posts
Showing posts with label Windows Vista. Show all posts

Monday, June 11, 2007

Windows Vista တင်ပြီးမှ XP ကို Dual Boot တင်ခြင်း

Dual boot Vista nad XP

Windows Vista တင်ပြီးမှ ဟိုဟာတင်မရ ဒီဟာတင်မရနဲ့ ဒုတ္ခရောက်နေသူတွေအတွက်ပါ။ ကျုပ်လဲ ဒုတ္ခရောက်သွားတယ်လေ...
Sony Handycam လေးဝယ်ပြီး honeymoon သွားတုန်းက ရိုက်ထားတာ၊ notebook ထဲကူးမယ်လုပ်ရော Driver က install လုပ်မရတော့ဘူး။
Vista ကိုလဲ XP နဲ့ Downgrade မလုပ်ချင်ဘူးလေ။ အဲဒီတော့ ....

၁။ Vista တင်ကတည်းက Hard Disk ကို Partition ၂ ခြမ်းခွဲထားတယ်။ မခွဲရသေးရင် Vista ရဲ့ Disk Manager မှာ Shrink လုပ်လို့ရတယ်။
၂။ Windows XP CD နဲ့ boot လုပ်ပြီး XP ကို New Partition မှာ တင်ရပါမယ်။
၃။ Windows XP installation ပြီးသွားရင် Vista ကိုပြန်ပြီး Active ဖြစ်အောင်လုပ်ရပါမယ်။
၎။ XP တင်လိုက်ခြင်းကြောင့် Vista ရဲ့ Boot Loader Record တွေပျက်ကုန်တာကို အရင် Repair လုပ်ပေးရပါမယ်။ Vista DVD ကို ထည့်ပြီး Windows ကို Restart လုပ်ပါ။ ပြီးရင် Boot from CD ဆိုပြီး Vista CD နဲ့ Setup ကို Run ရပါမယ်။
၅။ Setup run လာရင် "Install Now" ကို Click ပါ။
၆။ ပြီးရင် "Repair your computer" ကို Click ပါ။
ရ။ System Recovery Options screen ပေါ်လာပါလိမ့်မယ်။ Startup Repair ကို Click ပါ။
၈။ ဒါဆိုရင် သင့် Computer ဟာ Vista နဲ့ Boot ပြန်တက်လာပါလိမ့်မယ်။
၉။ Dual Boot ကို Computer Setup မှာ Boot Menu အလွယ်တကူ ပေါ်လာစေဖို့ ဒီ EasyBCD Software လေးကို Windows Vista မှာ Install လုပ်ရပါမယ်။
၁၀။ EasyBCD ကို Install လုပ်ပြီး Run ပါ။
၁၁။ Add/remove Entries ကို Click ပါ။ ပြီးရင် XP Install လုပ်ထားတဲ့ Drive နဲ့ Version ကို "Windows NT/2k/XP/2k3" ဆိုပြီးရွေးပါ။ Add Entry ကို Click ပါ။ Save ကို Click ပါ။
၁၂။ ဒါပါပဲ။ ခုဆိုရင် သင့် Computer ဟာ XP နဲ့ Vista ကို Dual boot Run နိုင်ပါပြီ။

Wednesday, April 11, 2007

အကြိုက်ဆုံး Window Vista ကို Support လုပ်တဲ့ Free Sofwares

ကျနော် အကြိုက်ဆုံး Window Vista ကို Support လုပ်တဲ့ Free Sofware လေးတွေပါ။ Software တွေကို ၀ယ်သုံးဘို့ဆိုတာကတော့ .... ဟီး Money က... :P
(ကိုယ်ကိုတိုင်က Programmer ဆိုတော့လဲ သူများရောင်းဘို့ လုပ်ထားတဲ့ Application တွေကို (တတ်နိုင်သလောက်) ခိုးမသုံးချင်ဘူးလေ... ၀တ်လည်မှာ သေချာကာကိုး... )

1. WordWeb Dictionary (Desktop Dictionary)

2. Virtual Clone Drive (Virtual CD/DVD Drive, ISO format support)

3. Free Easy Burner (CD/DVD Burning Software)

4. FileZilla (FTP file upload tools)

5. Free Download Manager (Faster File Download, Stop-Resume Support)

6. Picasa (Photo management application)

Friday, March 30, 2007

Flash Player Problem in IE7 Vista

Vista မှာပါတဲ့ IE7 ဟာ တစ်ချို့သော Flash Content websites (e.g YouTude.com) တွေမှာ Flash Player Install လုပ်ပါဆိုပြီး Error ပေးတတ်ပါတယ်။ Adobe website မှာ Flash Player Download Page ကိုသွားကြည့်ပြန်တော့လဲ Flash Player Succefully installed ဆိုပြီး flash banner ကိုမြင်ရပြန်ရော။

ဒီ Error ကိုဖြေရှင်းမယ်ဆိုရင် တော့ ...

၁။ C:\Windows\System32\Macromed\Flash ကို သွားပါ။
၂။ FlashUtil9b.exe ကို Run ပါ။
၃။ An update to your adobe flash player is available ဆိုပြီး ပေါ်လာတဲ့အခါ Install ကို Click လိုက်ပါ။
၎။ Windows ကို Restart လုပ်ပါ။

အဲဒီလိုလုပ်လိုက်ရင်တော့ Vista က IE7 ဟာ Flash Content Website တွေကို ကောင်းကောင်းကြည့်လို့ရသွားပါပြီ။ အရင်က မလုပ်တတ်လို့ Firefox သုံးလိုက်ရသေးတယ်။ ခုတော့ သားသားစားချင်တာစားလို့ရပြီ... အဲ.. သားသားသွားချင်တာသွားလို့ရပြီ :)

Friday, March 16, 2007

Clarification - Presented by Windows Vista

အတွေးအခေါ်လေးတွေ တော်တော်ကောင်းပါတယ်... ရီစရာလဲ အလွန်ကောင်းပါတယ်...
Episode 6 ထဲက စာသားလေးတွေပါ။




Life is like a Road.
It twists and turns
and if you lie in it too long,
you will be crushed.


People are like balloons.
They are more fun when they have air in them.
And if you poke them with a pin,
they make noise.


Free Time ရှိမယ်ဆိုရင် http://clearification.com မှာသွားကြည့်လိုက်ပါ။ စိတ်ဝင်စားသွားလိမ့်မယ် :)

Wednesday, February 21, 2007

Window Vista Ready ZawGyi Myanmar Unicode Keyboard Layout

Vista install လုပ်ပီးကတည်းက ZawGyi Keyboard ကို Install လုပ်လို့မရတော့ ညစ်နေတာ...
ခုတော့ အဆင်ပြေသွားပီ... Vista User တွေအားလုံးလဲ အဆင်ပြေရအောင် Upload လုပ်ပေးလိုက် ပါမယ်..

ခုလုပ်ပေးထားတဲ့ Installer မှာ Win386 (32bit) အပြင် 64 bit Window XP, 64 bit Vista ပါ အသုံးပြုလို့ ရပါတယ်။
Setup.exe ကို Run ပြီး Install လုပ်နိုင်ပါတယ်။

*Update : Windows 7 မှာလဲ Install လုပ်လို့ရပါတယ်။



Download Window Vista Ready ZawGyi Myanmar Unicode Keyboard Layout (254 KB)

Tuesday, October 03, 2006

Window media player 11 နဲ့ Gtalk Status မှာ Track Title ပေါ်ချင်ရင်

ကျုပ်တော်တော် IQ ကွေးသွားတယ်။ အစက Install လုပ်တုန်းကတော့ သူ့ဟာနဲ့သူ Ok တယ်။ ထုံးစံအတိုင်း Window က Error လဲဖြစ်ရော Messenger မှာဘဲ ပေါ်တော့တယ်။ Gtalk မှာ မပေါ်တော့ဘူး။ စိတ်လဲမရှည်တာနဲ့ ကွန်ပျူတာသတ္တာ ကမ္မဿက္ကာဆိုပြီး နေပလိန့်ဂျေ လုပ်ထားလိုက်တယ်။

ခုဏကမှ ရှာဖွေရေးလုပ်ကြည့်မှ တေနာကောင် Plug-in က Off ဖြစ်နေမှန်းသိတယ်။
Window Media Player Menu ထဲက Tools -> Options -> Plug-Ins ကိုသွားလိုက်
Category မှာ Background ဆိုတာရှိတယ်။ အဲဒါကို Click ရင် Background မှာ Google Talk Music Plugin ဆိုတာကို Checkbox ON လိုက်။ ဒါဆို Ok ပြီ။

ကွန်ပျူတာသတ္တာ ကမ္မဿက္ကာ...