
Windows Vista တင်ပြီးမှ ဟိုဟာတင်မရ ဒီဟာတင်မရနဲ့ ဒုတ္ခရောက်နေသူတွေအတွက်ပါ။ ကျုပ်လဲ ဒုတ္ခရောက်သွားတယ်လေ...
Sony Handycam လေးဝယ်ပြီး honeymoon သွားတုန်းက ရိုက်ထားတာ၊ notebook ထဲကူးမယ်လုပ်ရော Driver က install လုပ်မရတော့ဘူး။
Vista ကိုလဲ XP နဲ့ Downgrade မလုပ်ချင်ဘူးလေ။ အဲဒီတော့ ....
၁။ Vista တင်ကတည်းက Hard Disk ကို Partition ၂ ခြမ်းခွဲထားတယ်။ မခွဲရသေးရင် Vista ရဲ့ Disk Manager မှာ Shrink လုပ်လို့ရတယ်။
၂။ Windows XP CD နဲ့ boot လုပ်ပြီး XP ကို New Partition မှာ တင်ရပါမယ်။
၃။ Windows XP installation ပြီးသွားရင် Vista ကိုပြန်ပြီး Active ဖြစ်အောင်လုပ်ရပါမယ်။
၎။ XP တင်လိုက်ခြင်းကြောင့် Vista ရဲ့ Boot Loader Record တွေပျက်ကုန်တာကို အရင် Repair လုပ်ပေးရပါမယ်။ Vista DVD ကို ထည့်ပြီး Windows ကို Restart လုပ်ပါ။ ပြီးရင် Boot from CD ဆိုပြီး Vista CD နဲ့ Setup ကို Run ရပါမယ်။
၅။ Setup run လာရင် "Install Now" ကို Click ပါ။
၆။ ပြီးရင် "Repair your computer" ကို Click ပါ။
ရ။ System Recovery Options screen ပေါ်လာပါလိမ့်မယ်။ Startup Repair ကို Click ပါ။
၈။ ဒါဆိုရင် သင့် Computer ဟာ Vista နဲ့ Boot ပြန်တက်လာပါလိမ့်မယ်။
၉။ Dual Boot ကို Computer Setup မှာ Boot Menu အလွယ်တကူ ပေါ်လာစေဖို့ ဒီ EasyBCD Software လေးကို Windows Vista မှာ Install လုပ်ရပါမယ်။
၁၀။ EasyBCD ကို Install လုပ်ပြီး Run ပါ။
၁၁။ Add/remove Entries ကို Click ပါ။ ပြီးရင် XP Install လုပ်ထားတဲ့ Drive နဲ့ Version ကို "Windows NT/2k/XP/2k3" ဆိုပြီးရွေးပါ။ Add Entry ကို Click ပါ။ Save ကို Click ပါ။
၁၂။ ဒါပါပဲ။ ခုဆိုရင် သင့် Computer ဟာ XP နဲ့ Vista ကို Dual boot Run နိုင်ပါပြီ။
5 comments:
ကောင်းလိုက်တဲ့ Tutorials..Thanks you ဗျာ...နောက်လည်း အားပေးပါဦးမည်....မိန်းမလဲ ရရော Blog မှာ Post က update မဖြစ်တော့ဘူး...ခုမှပဲ တွေ.ရတော့တယ်...ဒီ Post တောင် မိန်းမကြောင့် တင်ဖြစ်တာလို့ သွယ်ဝိုက်ပြီး ပြောလို့ရတယ်...Honeymoon photos တွေကြောင့်လေ...ဟီးဟီး...Thanks you ဘရားသား...
i fright....m
သတ္တမနည်းပညာရပ်ဝန်းမှာ ပြန်လည်ဖေါ်ပြခွင့်ပြုပါ။
http://www.technical-seven.com/forum2/viewtopic.php?p=5678#5678
ကျေးဇူးပဲဗျ ကိုရဲ… Vista တင်ပြီးရွာလည်နေတာ အဆင်ပြေသွားပြီ
ကျေးဇူးပဲဗျ ကိုရဲ… Vista တင်ပြီးရွာလည်နေတာ အဆင်ပြေသွားပြီ
Post a Comment