Wednesday, May 20, 2009

စင်ကာပူတွင် အလုပ်လုပ်သူများ အောင်မြင်ရေးအတွက် လိုက်နာဖွယ် နည်းလမ်းများ

သူငယ်ချင်းတစ်ယောက် Forward လုပ်လိုက်တဲ့ Email တစ်စောင်ပါ။ ပြန်လည်မျှဝေပါတယ်။

၁) ရုံးချိန်ကို ၁စက်ကန့်မျှနောက်မကျပါစေနှင့်။ ရုံးရောက်ပြီးမှ မိတ်ကပ်လိမ်း၊ မနက်စာစား၊ အီအီးပါ စသည်များလုပ်ပါ။

၂) နေ့လည်အိပ်ငိုက်လျင် အိပ်သာသို့ ချက်ချင်း ပြေးပြီးအိပ်ပါ။ သူဌေးမရိပ်မိပါစေနှင့်။

၃) အလုပ်ပြောင်းလိုလျင် အနည်း ဆုံ: LV သို့ Gucci အိပ်တလုံးဆောင်ထားပါ၊ TAKA မှ တလုံးစီန် (အလုံးကြီးကြီး) လက်စွပ်ဝတ်နိုင်လျင် ရာထူး မြင့် မြင့်ရမည်။ ဘာမှ မတတ်ချင်နေ ထိုအသုံးဆောင် များနှင့် သစ်လွင်သော အ၀တ်အစားများ ၀တ်ပြီး အင်တာဗျူး လုပ်သူအား ရယ်မောရ်ျ စကားပြောပါ။ (LV အိတ်ဈေးကြီးရ်ျမ၀ယ်နိုင်သူများ မလေးရှား အတွင်အင်မတန်သေသပ်သော အတုရှိသည်။)

၎) အလုပ်ဝင်ပြီးရ်ျ ဘာမှမလုပ်တတ်လျင် နီးစပ်ရာ သူဌေးတယောက်ထံ အမြန်ကပ်ရ်ျ နှာခေါင်း သံဖြင့် စကားပြောပါ။ ရာထူးပါတက်မည်။

၅) နာမကျန်းခွင့် MC ယူချင်လျင် ကတိုးနှာရှုဆေးကို သူဌေးအလစ်တွင် ရှုရ်ျ သူဌေးရှေ့ တွင် ဟတ်ချိုး ခန ခန ချေပါလေ။ သူ သတိပြုမိရ်ျ မေးလျင် မျက်နှာ ညှိုးထားပြီး flu ဟုသာဖြေပါ။ ဖြေပြီး ၂ စက်ကန့် မှစရ်ျ အနည်း ဆုံး ခွင့် (၃) ရက် ကို ငြိုငြင်မှုကင်းစွာဖြင့် ရရှိမည်ဖြစ်သည်။ (သတိ- ဆေးခန်းများနှင့် စာချုပ်ချုပ်ထားသော ရုံးမှ ၀န်ထမ်းများ ဒီနည်းမသုံးရ ချက်ချင်းပြုတ်နိုင်သည်)

၆) ဒီအမှားက ငါလုပ်တာမဟုတ်ဘူး နင်လုပ်တာ ဆိုသော ပြန်လှန်ပြောဆိုမှုများကို ဝေးနိုင်သမျှရှောင်ရှားပါလေ။ ကိုယ်လုပ်တာမဟုတ်လင့်ကစား ဒီကိစ် စငါမသိလိုက်ဘူး ဒါပေမယ် နောက်တခါ ကျရင်သတိထားမှဖြစ်မယ် ဒီတစ်ကြိမ်တော့ ၀မ်းနည်းပါတယ် လို့ပြောလိုက်ပါ။ အခန့်သင့်လျင် သင် သူဌေးမှကျွေးသောနေ့လည်စာပါ စားရကိန်းရှိသည်။

ရ) သူဌေးနှင့် တွေ့လျင် ရိုသေစွာ လမ်းဖယ်ပေးချင်း ကိုယ်ကို ကိုင်းညွှတ်ရ်ျ စကားပြောခြင်း မပြုလုပ်ရ။ (မြန်မာ့ ယဉ်ကျေးမှုများ မလိုအပ်ပါ)
သူဌေးအား သူ့ နာမည် သာခေါ်ပါ .... နာမည် ရှေ့တွင် ဟေ့ဘယ်သူ စသည်ဖြင့် ခေါ်နိုင်သည်။ မလိုက်နာပါက ရာထူး မတက်သည့် အပြင် နင်းပြားပုံစံဖြင့် ဆက်ဆံခြင်းခံရမည်။

ယုံကြည်စွာ ကျင့်သုံးကြည့်ပါ၊ လက်ရှိရာထူးတွင် မုချ ခိုင်မြဲမည့် အပြင် လစာပါတိုးနိုင်သည်။

မိတုတ် မလိုက်နာ ရ်ျ အလုပ်ပြုတ်ကာ မြန်မာပြည် ပြန်ပြီး ယခုသာကေတ ဆိုက်ကားဂိတ်တွင်အကြော်ရောင်းနေရသည်။

မောင်သန်း လိုက်နာရ်ျ သူ့ သူဌေးမှ သုံးလိုရာသုံးရန် ကားတစ်စီးပေးထားသည်။

မိကောက်လိုက်နာရ်ျ ရုံးချိန်တွင် ဘလော့ ရေးနိုင်သည်။

စေတနာဖြင့်

မိကောက်

5 comments:

Unknown said...

ရဲဝင့်ငြိမ်းရေ
စာရေးအရမ်းကောင်းတယ်.. မတွေ့တာကြာပြီ.. အားရင် ငါဆီ မေးစ်ပို့ပါအုံး .. ခိုင်ဆု

Unknown said...

ရဲဝင့်ငြိမ်းရေ
စာရေးအရမ်းကောင်းတယ်.. မတွေ့တာကြာပြီနော်.. နင်အားရင် ငါကို မေးစ်ပို့ပါအုံး..
ိခိုင်ဆု

ko ye said...

humm... it has been so long we never got in touch. gave me ur email, will contact u asap!

Unknown said...

ငါ email က khaingkhaing@gmail.com . ငါ ဒီနေ့ စင်ကာပူရောက်မယ်.. နင်ဖုန်းနံပါတ်ကိုပါ mail ပို့ပေးထားနော်.. ငါခေါ်လိုက်မယ်.. သင်တန်းတစ်ခုလာတက်တာ..(၄)ရက်လောက်ပဲ နေမှာ.. မတွေ့တာကြာပြီ.. နင်အဆင်ပြေရင် တွေ့တာပေါ့..

ခိုင်ဆု

Unknown said...

ကောင်းပါပြီလိုက်နာလိုက်ပါ့မယ်
:P