Tuesday, January 13, 2009

Blog နှင့် Bloger ဘဝ

Blog ဖတ်တာ ၀ါသနာပါတဲ့ ညီမလေးတစ်ယောက်ကမေးတယ်... "ကိုရဲလဲ မိန်းမရပီးကတည်းက Blog မရေးတော့ဘူး" တဲ့။ "တခြား Blogger တွေလဲ Post တွေမတက်တော့ဘူး" တဲ့။
အဟ... ပြန်ဖြေလိုက်ပါတယ် "Blogger တွေ မိန်းမရ ကုန်ပြီထင်တယ်" လို့ ... ဖြစ်နိုင်တာလေးပြောကြည့်တာပါ။ :)

အကြောင်းတိုက်ဆိုင်လို့ ပြောပြဦးမယ် ကျုပ်စေ့စပ်တုန်းကဆိုပါတော့... အဲဒီတုန်းက ရန်ကုန်ခနပြန်တယ်.. မှတ်မှတ်ရရ "ချစ်ခြင်း၏ တစ်စုံတစ်ရာ" Post ကိုရေးတုန်း တန်းလန်းကြီး

ကျနော်က စာရိုက်တာနှေးတော့ Blog ရေးရင် စာရွက်မှာအရင်ရေးလေ့ရှိတယ်။ ပြီးမှ Computer မှာ Type တာလေ။ အဲဒီတော့ ကျနော့်မှာ စာရွက်အတိုအစလေးတွေနဲ့ ရေးထားတဲ့ Post အပိုင်အစလေးတွေက ကျောပိုးအိတ်ထဲမှာရော စာအုပ်ကြားတွေမှာပါ ရှိနေတတ်တယ်။

ပြသနာက အဲဒီမှာစတာ... ကျနော်မသိလိုက်တဲ့အချိန်မှာဘဲ "သူမ"က အဲဒါတွေ ဖတ်မိသွားတယ်လေ
ညနေဘက်ရောက်တော့ "သူမ"က အင်းယားက စိမ်းလန်းသွားရအောင်တဲ့။ အဟ.. Good တာပေါ့နော။ ကောင်မလေးနဲ့ အဒီအချိန်နဲ့ဆိုတော့ ၀ိတ္ထုထဲကအတိုင်းပြောရင် Romantic ပေါ့။ ကားမောင်းပြီးသွားတုန်း သီချင်းတောင်ဆိုလိုက်သေးတယ်... "ရင်ခုန်ရလွန်းလို့ ရူးမှာဘဲ..." :P

"သူမ"က ပြေတယ်.. တကယ်လို့ နှစ်နှစ်ကာကာ ချစ်မိနေတဲ့သူရှိရင် သူမကို အားမနာပါနဲ့တဲ့... "သူမ" နားလည်ပေးနိုင်ပါတယ်တဲ့ စေ့စပ်ကြောင်းလမ်းတာကိုလဲ ဖျက်သိမ်းပေးပါမယ်တဲ့...
ခက်ပြီရော... သူဘာတွေပြောနေမှန်းကို မသိတော့တာ... ဘယ်ကစလို့ ဘယ်လိုရှင်းရမှန်းကို မသိတော့တာ...

ပြီးမှ ဘာလို့အဲလိုပြောရတာလဲဆိုပြီး ရုပ်ရှင်ထဲကအတိုင်းချော့မော့မေးမှဘဲ Problem အစ Blog ကမှန်းသိတော့တာ။

အကြောင်းပြချက်ဆိုတာ အကြောင်းပြနိုင်တဲ့အချက်တွေစုစည်းထားတဲ့ အချက်အလက်တစ်ခုမျှသာဖြစ်ပေမဲ့ ယုံကြည်မှုဆိုတာကတော့ ဘ၀တစ်လျှောက်လုံးလက်တွဲသွားကြမဲ့ လူနှစ်ဦးရဲ့ဘ၀တွေနဲ့ သက်ဆိုင်တယ်လေ...

No comments: